ကျောက်မဲပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ ပြင်ဆင်ဖွဲ့စည်းပြီးစီး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကော်မတီဝင် ပြင်ဆင်ဖွဲ့စည်းခြင်းကို ဇွန်လ (၆) ရက် နံနက် (၉)နာရီအချိန်က မြို့နယ်ပါတီရုံး ခန်မတွင် ကျင်းပပြုလုပ်ရာ ပြည်နယ်ပါတီကော်မတီဝင် ဦးစိုင်းနော်ခမ်းဦး၊ ခရိုင်ပါတီအတွင်းရေးမှူးနှင့် ခရိုင်ပါတီ ကော်မတီဝင်များ မြို့နယ်ပါတီနာယကများနှင့် ပါတီကော်မတီ ဝင်များ ရပ်/ကျေး စည်းရုံးရေးမှူးများ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးပထမပိုင်းတွင် အရံကော်မတီဝင် (၁၅) ဦးကို ရွေးချယ်ပြီး ခေတ္တရပ်နားခဲ့သည်။

ဆက်လက်၍ ဒုတိယပိုင်းကို ဆက်လက်ကျင်းပပြုလုပ်ရာတွင် မြို့နယ်ပါတီ ကော်မတီဝင်များ အဖြစ် ရွေးချယ်ရာ ဥက္ကဋ္ဌ ဦးအောင်သိန်း၊ အတွင်းရေးမှူး ဦးကျော်ကျော်ဦး၊ ဘဏ္ဏာရေးမှူး ဦးလှတင် တို့ကို ရွေးချယ်ခဲ့ပြီး ခရိုင်ပါတီ ကော်မတီဝင်လောင်းအဖြစ် ရွေးချယ်ရာတွင် ဦးကျော်ကျော်ဦးကို မဲဆန္ဒဖြင့် ရွေးချယ် အတည်ပြုခဲ့ကြောင်း သိရသည်။

USDP Shan – North


Leave a Reply