အင်တာနက် မရရှိနိုင်သော နေရာများအတွက် Facebook မှ OpenCellular အမည်ရှိ ဆက်သွယ်ရေး ပစ္စည်း တစ်ခုထုတ်လုပ်

အင်တာနက်ကွန်ယက် ချိတ်ဆက်မူမရရှိနိုင်သော နေရာများအတွက် အဆင်ပြေချောမွေ့စေရန် Facebook မှ OpenCellular အမည်ရှိကွန်ယက်ချိတ်ဆက်မူဆိုင်ရာ ဆက်သွယ်ရေးပစ္စည်း တစ်မျိုး အား ထုတ်လုပ်လိုက်ပြီဖြစ်ကြောင်း Cnet သတင်းဌာနတွင်ဖော်ပြထားသည်။

OpenCellular

Open Cellular ဆက်သွယ်ရေးပစ္စည်းအား အသုံးပြုနိုင်ရန် မိုဘိုင်းဆက်သွယ်ရေးကုမ္မဏီတို့၏ အကူအညီများလိုအပ်ပြီး Open Cellular ၏ထူးခြားချက်မှာ နေရောင်ခြည်အား စွမ်းအင်အဖြစ် အသုံးပြုခြင်းဖြစ်ကြောင်းသိရသည်။

ဆက်သွယ်ရေးကုမ္မဏီများနှင့် တတ်သိနားလည်သူများ ပူးပေါင်းကာ Open Cellular အားအသုံးပြု၍ အင်တာနက်မရရှိနိုင်သောနေရာများအား ချိတ်ဆက်ပေးနိုင်ရန်ရည်ရွယ်သည်ဟု မတ်ဇူကာဘတ်၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။

ကမ္ဘာပေါ်တွင် အင်တာနက် အသုံးမပြုနိုင်သော လူဦးရေ ၄ ဘီလီယံခန့်ရှိနေကြောင်း သိရပြီး Open Cellular ဆက်သွယ်ပစ္စည်းထုတ်လုပ်ခြင်းမှာ ကမ္ဘာနှင့်အ၀ှမ်း အင်တာနက်ကွန်ယက် အသုံးပြုနိုင်ရေး အတွက် အကောင်းဆုံးစိန်ခေါ်မူတစ်ခုဖြစ်လာသည်ဟု မတ်ဇူကာဘတ်မှ ထပ်မံရေးသားထားသည်။

Open Cellular သည် အမြင့် ၁ ပေ နှင့်အထက် နေရာတွင်တပ်ဆင်ရသည့် ဆက်သွယ်ရေးပစ္စည်း တစ်ခုဖြစ်ပြီး တပ်ဆင်ထားသည့်နေရာနှင့် ၁၀ ကီလိုမီတာ ပတ်လည်တွင် အကောင်းဆုံး အင်တာနက်ကွန်ယက် အမြန်နှုန်းရရှိမည်ဖြစ်ကြောင်း သိရသည်။

‪Democracytoday

 


Leave a Reply