တောင်တရုတ်ပင်လယ်အရေး ဆုံးဖြတ်ချက်မချမီ အချုပ်အချာအာဏာကို ထိပါးခြင်းမပြုရန် အမေရိကန်ကို တရုတ်သတိပေး

တရုတ်၏ တောင်တရုတ်ပင်လယ်အတွင်း ပိုင်ဆိုင်မှုများအပေါ် ခုံရုံးက ဆုံးဖြတ်ချက်မချမီ အမေရိကန်နိုင်ငံ အနေဖြင့် တောင်တရုတ်ပင်လယ်အတွင်း အချုပ်အချာ အာဏာနှင့် လုံခြုံရေးကိုထိခိုက်မည့် မည်သည့်ကိစ္စမျှ မပြုလုပ်သင့်ကြောင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကို ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။

Sea

တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီက အမေရိကန်နိုင်ငံအနေဖြင့် အငြင်းပွားမှုတွင် ၀င်မပါရန် ပေးထားသည့်ကတိ ကိုတည်သင့်ကြောင်း တယ်လီဖုန်းဖြင့် ဂျွန်ကယ်ရီကို ပြောကြားလိုက်သည်။

ကြေညာချက်တွင် အမေရိကန်နိုင်ငံသည် စကားအပြောအဆိုနှင့် အပြုအမှုများကို သတိထားဆောင်ရွက်သင့် ကြောင်း၊ တရုတ်နိုင်ငံ၏ အချုပ်အချာအာဏာနှင့် လုံခြုံရေးအကျိုးစီးပွားကို ထိခိုက်မည့် မည်သည့်လုပ်ဆောင်ချက် ကိုမျှ မပြုလုပ်သင့်ကြောင်း ဖော်ပြထားသည်။

လက်ရှိအချိန်တွင် တရုတ်-ဖိလစ်ပိုင်တို့အကြား တောင်တရုတ်ပင်လယ် နယ်မြေအငြင်းပွားမှုနှင့်ပတ်သက်၍ သည်ဟေ့ဂ်မြို့ ခုံရုံးက လာမယ့် ဇူလိုင် (၁၂) ရက်တွင် ဆုံးဖြတ်ချက်ချမှတ်မည်ဖြစ်ကာ အခြေအနေတင်းမာမှုများ ဖြစ်ပေါ်နေလျက်ရှိသည်။

Ref:CNA


Leave a Reply