16MP selfie ကင်မရာပါဝင်တဲ့ Redmi Note 5A ကို Xiaomi မိတ်ဆက်

အံ့အားသင့်ဖွယ်ရာ selfie ဓာတ်ပုံများရိုက်ကူးနိုင်ပြီး အရည်အသွေးကောင်းမွန်တဲ့ ဖုန်းတည်ဆောက်ပုံနဲ့ ကောင်းမွန်တဲ့ screen နဲ့ ဘက်ထရီသက်တမ်းတို့ကို ဈေးသက်သက်သာသာနဲ့ရရှိနိုင်မယ့် Redmi Note 5A ကို Xiaomi က မိတ်ဆက်ပေးလိုက်ပါတယ်။

Redmi Note 5A မှာ ၅.၅ လက်မ 1280 x 720px LCD ပါဝင်ပါတယ်။ အရှေ့ဘက်ကင်မရာက 16MP ဖြစ်ပြီး ကျောဘက်ကင်မရာက 13MP ဖြစ်ပါတယ်။ ဖုန်းရဲ့ကျောဘက်မှာ fingerprint scanner ပါဝင်ပြီး ဘက်ထရီက 3,080mAh ဖြစ်ပါတယ်။ Xiaomi Redmi Note 5A မှာ Qualcomm Snapdragon 435 chipset နဲ့ octa-core Cortex-A53 CPU ကို အသုံးပြုထားပါတယ်။

RAM configuration သုံးမျိုးနဲ့ရရှိနိုင်ပြီး အရောင်တွေအနေနဲ့ Champagne Gold, Rose Gold, Platinum Silver Gray တို့နဲ့ ရရှိနိုင်ပါတယ်။ တန်ဖိုးက 2GB RAM အတွက် ၆၉၉ ယွမ် (၈၉ ယူရို) ဖြစ်ပြီး 3GB+32GB ဗားရှင်းအတွက် ၈၉၉ ယွမ် (၁၁၄ ယူရို) ကျသင့်မှာဖြစ်ပါတယ်။ 4GB+64GB high-end မော်ဒယ်ရဲ့ တန်ဖိုး ကတော့ ၁,၁၉၉ ယွမ် (၁၅၂ ယူရို) ဖြစ်ပါတယ်။

-နောင်နောင်
Ref: GSMArena