MPT ၏ ဝန်ဆောင်မှုလမ်းညွှန်စာအုပ် အခမဲ့ စတင်ဖြန့်ချိ

13533326_1018976434883309_7926996147196143235_n

MPT ၏ ဝန်ဆောင်မှုလမ်းညွှန်စာအုပ် စတင်ဖြန့်ချိလိုက်ကြောင်း သိရသည်။ အခမဲ့ဖြန့်ချိလိုက်ခြင်းဖြစ်ပြီး MPT ဆိုင်များတွင် အခမဲ့ရယူနိုင်ကြောင်း သိရသည်။

အဆိုပါလမ်းညွှန်စာအုပ်တွင် ၀န်ဆောင်မှုအသီးသီး၏ ဈေးနှုန်းများ၊ အင်တာနက်ဝန်ဆောင်မှုများ၊ အင်တာနက် setting အသုံးပြုမှုများ၊ ထပ်ဆောင်းဝန်ဆောင်မှုများ၊ နိုင်ငံတကာနှင့်ပတ်သက်သော ဝန်ဆောင်မှုများ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် Tourism SIM Card အကြောင်း၊ SIM Card များ ပျက်စီး၊ ပျောက်ဆုံးခြင်းနှင့် ပတ်သက်သည့် အကြောင်းအရာများ ဖြေရှင်းနည်းတို့ကိုလည်း ထည့်သွင်းထားကြောင်း ဆိုသည်။

Call Center အကြောင်းနှင့် တစ်နိုင်ငံလုံးရှိ MPT အမှတ်တံဆိပ်ဆိုင်များစာရင်းလည်း ပါဝင်ကြောင်း သိရသည်။


Leave a Reply