မင်းပြားမြို့နယ်တောင်ပိုင်း ကျေးရွာအချို့ရေလျှံသဖြင့် စာသင်ကျောင်းအချို့ ဇူလိုင် (၄) ရက်က ယာယီပိတ်ထား

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တောင်ပိုင်းတွင် မိုးဆက်တိုက်ရွာသွန်းမှုများပြီး ကျေးရွာတချို့၌ ရေလျှံမှုနှင့် ရင်ဆိုင်နေရသဖြင့် စာသင်ကျောင်းတချို့အား ဇူလိုင် (၄) ရက်က ယာယီပိတ် ထားကြောင်း သိရသည်။

13533351_1222101974475980_411530641039496088_n

မင်းပြားမြို့နယ်ရှိ အိမ်ရှေ့မင်း၊ ပုလဲပေါက်၊ ကြက်ယက်၊ ကျားရဲ ပြင်၊ အိုင်ဝန်း၊ မညှင်းပြင်၊ ကျွဲတတ်၊ ချောင်ရှည်စသည့် ကျေးရွာများ တွင် ထူးကဲဒီရေတက်မှုနှင့် ရင်ဆိုင် နေရခြင်းဖြစ်သည်။

“ပုလဲပေါက် ကျေးရွာစာသင်ကျောင်းက ဒီရေကြီးတိုင်း ကျောင်းပိတ်နေရတယ်။ တာပေါက်ပြီး ရွာကို ရေလွှမ်းတာလို့ သိရပါတယ်။ ရေပြန်ကျရင်တော့ ပုံမှန်အတိုင်းပဲ စာသင်ကျောင်းတွေကို ပြန်ဖွင့်သွား မှာပါ” ဟု မင်းပြားမြို့နယ် ပညာရေးမှူးရုံးမှ လက်ထောက်ပညာရေးမှူး ဆရာရွှေစောမောင်က ပြောသည်။

လက်ရှိ မိုးဆက်တိုက်ရွာသွန်းနေပြီး ဒေသခံများမှာ မိုးတွင်းကာလ ရေကြီးမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။

“အခု ရွာကလမ်းတွေအားလုံး မြုပ်နေပါပြီ။ စာသင်ကျောင်းကလည်း ရေလွှမ်းနေပါပြီ။ ကျောင်းဆရာမ တွေနဲ့ညှိနှိုင်းပြီး ကလေးတွေကို အန္တရာယ်မဖြစ်ရအောင် ကျောင်းပိတ်ပေးထားပါတယ်။ ဒီရေ ကျရင်တော့ ရေက ပြန်ကျသွားသလို ဒီရေတက်ရင် ရွာမှာ ရေပြန်တက်လာတယ်” ဟု ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပုလဲပေါက်ကျေးရွာ မှ အုပ်ချုပ်ရေးမှူး ဦးကျော်တင့်က ပြောသည်။

အဆိုပါဒီရေကြီးမှုသည် နောက် ထပ်နှစ်ရက်ခန့်အထိ ဖြစ်ပွားနိုင် ကြောင်း သိရသည်။

‪Democracytoday


Leave a Reply