နယ်မြေတာဝန်ခံ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ကော်မတီများနှင့် တွေ့ဆုံ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရှမ်းအရှေ့ နယ်မြေတာဝန်ခံ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်သည် (ဇွန်လ ၃၀ ရက်) နံနက် (၈) နာရီအချိန်ကကျိုင်းတုံမြို့၊ ပြည်နယ် ပါတီရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်ပါတီ အတွင်းရေးမှူးနှင့် ပြည်နယ်ကော်မတီဝင်များ ရှမ်း(အရှေ့)၊ (၁၀)မြို့နယ်မှ ခရိုင်/မြို့နယ် ပါတီအတွင်းရေးမှူးများနှင့် ကော်မတီဝင်(၅၀)ဦးတို့နှင့် တွေ့ဆုံခဲ့သည်။

13438821_400637323444734_2583334331253138636_n 13557897_629449693897263_5375203694927078395_n

တွေ့ဆုံပွဲတွင် ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအား အခြေခံ အုတ်မြစ်ခိုင်မာရေးအတွက် အောက်ခြေမှစလို့ အပေါ်ပိုင်း အထိ ပြုပြင်ပြောင်းလဲ ဖွဲ့စည်းရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အမှန်ဆုံး၊ အကောင်းဆုံးဖြစ်အောင်  ဆောင်ရွက်သွားကြရန် စုပေါင်းခေါင်းဆောင်၊ စုပေါင်းဆွေးနွေး၊ စုပေါင်းဆုံးဖြတ်ပြီး ပါတီ၏ ကြောရိုးကို ပိုမိုခိုင်မာစွာ ဆောင်ရွက်ရေးနှင့် ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲမတိုင်မီ အခြေအနေနှင့် ရွေးကောက်ပွဲပြီး အခြေ အနေများ နှိုင်းယှဉ်၍ ရှေ့ဆောင်ရွက်သင့်သည်များကို အကျယ်တ၀င့် ရှင်းလင်းမှုများပြုလုပ်ပြီး (၁၀း၃၀) အချိန်တွင် ခေတ္တရပ်နားခဲ့ပါသည်။

နေ့လည်(၁၁း၄၀)တွင် တွေ့ဆုံပွဲအား ပြန်လည်စတင်ရာတွင် မြို့နယ်၊ ခရိုင်ပါတီများ မျက်နှာစုံညီ အစည်းအဝေးများ စနစ်တကျဆောင်ရွက်နိုင်ရေးအတွက် ပါတီ၏ စည်းမျဉ်းစည်းကမ်းများကို ထပ်မံ၍ အကျယ်တ၀င့် ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်၊ ခရိုင်များမှ ရှင်းလင်းသည့်အချက်များ၊ လိုအပ်ချက် များကို တင်ပြရာ နယ်မြေတာဝန်ခံ ဦးစိုးနိုင်မှ ထပ်မံရှင်းလင်းမှုများ ဆောင်ရွက်ခဲ့ပါသည်။

ဆက်လက်ပြီး လက်ရှိလွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်ပါတီကော်မတီဝင်များက ရှေ့ဆက် ဆောင်ရွက်ရမည့်လုပ်ငန်းများအား  ထပ်မံရှင်းလင်းပြောကြားပြီး၊ နယ်မြေတာဝန်ခံ ဦးစိုးနိုင်မှ နိဂုံးချုပ် အမှာစကားပြောကြားကာ နေ့လည် (၁၂း၄၀) တွင် တွေ့ဆုံပွဲကို အောင်မြင်စွာဖြင့် ရုတ်သိမ်းခဲ့ ကြောင်း သိရသည်။

http://shwekhaingphyoe.blogspot.com/


Leave a Reply