မဘိမ်းပြည်ခိုင်ဖြိုး အမျိုးသမီးရေးရာအဖွဲ့ ကလေးငယ်များအတွက် အဟာရဒါနပြု

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးဇော်လွင်၊ မဘိမ်းပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာအဖွဲ့ခေါင်းဆောင် ဒေါ်စိုးခင်နှင့် အဖွဲ့ဝင် များသည် ယနေ့ ( ဇူလိုင်လ ၁ ရက်) နံနက် (၉)နာရီအချိန်က ဘဟဲကျေးရွာရှိ နေ့ကလေးထိန်း ကျောင်းရှိ ကလေးငယ် (၄၇) ဦးအားလည်းကောင်း၊ ပွေးတူးအမကရှိ ကျောင်းသား ကျောင်းသူ (၇၈) ဦးတို့အားလည်းကောင်း အခ်ျိုရည်နှင့် ကိတ်မုန့်များ အဟာရဒါနပြု သွားရောက်ကျွေးမွေး လှူဒါန်း ခဲ့ကြောင်း သတင်းရရှိသည်။


Leave a Reply