အင်းတော်မြို့နယ်ပါတီမျက်နှာစုံညီ အစည်းအဝေးသို့ပါတီဒုတိယဥက္ကဋ္ဌ တက်ရောက်

ပြည်ခိုင်ဖြိုးပါတီ ဒုတိယ ဥက္ကဋ္ဌ (စစ်ကိုင်းတိုင်းဒေသကြီး တာဝန်ခံ)သူရဦးအေးမြင့်သည် ယခုလ ၂၇ ရက် နံနက် ၈နာရီ ခွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ်တွင် ကျင်းပသည့် အင်းတော်မြို့နယ် ပါတီမျက်နှာစုံညီ အစည်းအဝေးသို့ တက်ရောက်၍ လမ်းညွှန်အမှာ စကားပြောကြားသည်။

13537724_613531682149680_8195618955434733800_n

ရှေးဦးစွာ အင်းတော်မြို့နယ် ပါတီမျက်နှာစုံညီအကြိုညှိနှိုင်း အစည်းအဝေးတွင် စစ်ကိုင်းတိုင်း ဒေသကြီး ပါတီပြန်လည်ရွေးချယ် ဖွဲ့စည်းရေးကော်မတီဝင် ဦးအောင် ကျော်ဦးက ရွေးချယ်မှုလုပ်ထုံးလုပ် နည်းများကို ရှင်းလင်းပြောကြား သည်။ထို့နောက် အင်းတော်မြို့နယ် ပါတီအတွက် မြို့နယ်အလုပ်အမှု ဆောင် ကော်မတီဝင်အသစ် ၁၅ ဦးနှင့် အရန်မြို့နယ်အလုပ်အမှု ဆောင် ကော်မတီဝင်အသစ် ၁၅ ဦး စုစုပေါင်းကော်မတီဝင် ၃ဝ တို့ကို စိစစ်ရွေးချယ်ခြင်း လုပ်ငန်း စဉ်အဆင့်ဆင့်ဖြင့် စိစစ်ရွေးချယ် ကြသည်။

ယင်းနောက် အင်းတော်မြို့နယ် ပါတီမျက်နှာစုံညီအစည်းအဝေး ကို ဆက်လက်ကျင်းပပြီး မြို့နယ် ပါတီအလုပ်အမှုဆောင် ကော် မတီဝင်အသစ် ၁၅ဦးတို့ကို အမည် စာရင်းကြေညာခြင်း၊ ကတိသစ္စာ ပြုခြင်း၊ ပါတီတာဝန်များ ပေးအပ် ခြင်းတို့ကိုဆောင်ရွက်ပြီး ပြည်ခိုင် ဖြိုးပါတီ၏ ဦးတည်ချက်၊ ရည်မှန်း ချက်၊ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေး ချက်စာတမ်းငါးစောင်ကို မြို့နယ် အလုပ်အမှုဆောင်ကော်မတီဝင် အသစ်များက ဖတ်ကြားတင်သွင်း ကြ၍ အခမ်းအနားကို မွန်းလွဲ ၂နာရီတွင်’ပြည်ခိုင်ဖြိုးပါတီအောင် ရမည်’ဟူသော ကြွေးကြော်သံများ ဖြင့် ကြွေးကြော်ကာရုပ်သိမ်းခဲ့သည်။

ထို့နောက် ပါတီဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့်နှင့်အဖွဲ့သည် ရွေး ချယ်ပြီးသော အင်းတော်မြို့နယ် ပါတီအလုပ်အမှုဆောင်ကော်မတီ ဝင် ၁၅ ဦးနှင့် အရန်မြို့နယ်ပါတီ အလုပ်အမှုဆောင်ကော်မတီဝင် ၁၅ ဦးတို့နှင့် မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခြင်းနှင့် ပါတီဒုတိယ ဥက္ကဋ္ဌက သြဝါဒလမ်းညွှန်စကား များ ပြောကြားခဲ့သည်။

Union daily


Leave a Reply