ဆန္ဒဖော်ထုတ်ခြင်းနှင့် သက်ဆိုင်သော ဥပဒေကြမ်းနှင့် ရပ်ကျေးဥပဒေ ပြင်ဆင်သော ဥပဒေကြမ်းတို့ကို လာမည့်လွှတ်တော်တွင် ဆွေးနွေးမည်

13081804_1136480829709399_320826700_n

လာမည့်လွှတ်တော်တွင် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ဆိုင်ရာဥပဒေကြမ်းနှင့် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေ အား တတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းတို့ကို အတည်ပြု ဆွေးနွေး ရန်ရှိကြောင်း လွှတ်တော်ကိုယ်စား လှယ်များထံမှ သတင်းရရှိသည်။

ဇွန်လအတွင်း ကျင်းပပြီးစီးခဲ့သော လွှတ်တော်အစည်းအဝေးတွင် ယင်းဥပဒေကြမ်းတို့ကို ဆွေးနွေးခဲ့သော်လည်း ဆက်လက်ဆွေးနွေးမှုများ ပြုလုပ်ရန် ကျန်ရှိနေသေး သည်ဟု လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။ ‘‘ကျွန်တော်တို့ ပြည်သူ့လွှတ် တော်ဘက်မှာဆိုရင် ငြိမ်းစုစီ ဥပဒေကြမ်းရယ်၊ ရပ်ကျေးဥပဒေ ကြမ်းတွေ ဆွေးနွေးဖို့ ကျန်သေးတယ်။ ဒီတစ်ခေါက်လွှတ်တော်မှာ အပြီးဆွေးနွေးဖို့တော့ရှိတယ်’’ ဟု ပြည်သူ့လွှတ်တော်ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ဦးထွန်း ထွန်းဟိန်က ပြောသည်။

အဆိုပါဥပဒေကြမ်းနှစ်ခုကို အမျိုးသားလွှတ်တော်တွင် ဆွေးနွေးမှုများရှိခဲ့ပြီး ဆက်လက်ဆွေးနွေးနိုင်ရန် ပြည်သူ့ လွှတ်တော်သို့ ပေးပို့ထားခြင်းဖြစ်သည်။ ယင်းဥပဒေ ကြမ်းနှစ်ခုကို အမျိုးသားလွှတ်တော်တွင် စတင်ဆွေးနွေးစဉ်က လွှတ်တော် ကိုယ်စားလှယ် အများစုဝင်ရောက်ဆွေးနွေးမှုရှိခဲ့သည်။

ဖေဖော်ဝါရီလဆန်းက စတင်ခဲ့သော လွှတ်တော်အစည်း အဝေးများသည် ဇွန်လဆန်းပိုင်းတွင် ရပ်နားထားပြီး လာမည့်ဇူလိုင်လ၌ လွှတ်တော်အစည်းအဝေး ပြန်လည်ခေါ်ယူကျင်းပနိုင် ဖွယ်ရှိကြောင်း လွှတ်တော်ကိုယ်စားလှယ် အချို့က ဆိုကြသည်။

လွှတ်တော်အစည်းအဝေး ပြန်လည်မစတင်မီ လွှတ်တော်တွင် ဆွေးနွေးမည့် ဥပဒေကြမ်းများကို ပြည်ထောင်စ လွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ အစည်း အဝေး ခေါ်ယူကာ ယင်းအစည်းအဝေးအတွင်း ကြိုတင်ဆွေး နွေးမှုများ ပြုလုပ်ရန်ရှိနေသည်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲရလဒ်ကြောင့် ထွက်ပေါ်လာသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက နေရာ အများဆုံးရရှိထားသည့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး များကို ဖေဖော်ဝါရီလဆန်းမှ စတင်ကာ ကျင်းပခဲ့ခြင်းဖြစ်သည်။  7day daily


Leave a Reply