အာဇာနည်ဗိမာန်ကို မူလဒီဇိုင်းအတိုင်း ပြန်လည်ပြင်ဆင်

epa05377219 A builder works on Martyrs' Mausoleum during the renovation ahead of the 69th Martyrs' Day in Yangon, Myanmar, 19 June 2016. Myanmar Martyrs' Mausoleum was built at the foot of holy Shwedagon pagoda to pay respects to the country's nine independence heroes, including General Aung San, the father of opposition leader Aung San Suu Kyi. Myanmar's Martyr's Day is public holiday observed on 19 July to commemorate those who were assassinated on that day in 1947.  EPA/LYNN BO BO

ဇူလိုင် ၁၉ ရက်တွင် ကျရောက်မည့် (၆၉)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားအ တွက် အာဇာနည်ဗိမာန်ကို မူလ ဒီဇိုင်းအတိုင်း ပြင်ဆင်မှုများပြု လုပ်လျက် ရှိကြောင်း အာဇာနည် ဗိမာန်ဒီဇိုင်း ရေးဆွဲပေးခဲ့သော ဗိသုကာ ပညာရှင်များ ထံမှသတင်းရရှိသည်။ ၁၉၈၃တွင် အာဇာနည်ကုန်း ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အာဇာနည်ဗိမာန် တည်ဆောက်ရန် ရေးဆွဲပေးခဲ့သော ဒီဇိုင်းကို ထိုစဉ်က တာဝန်ရှိသူများက အပြည့်အ၀ မတည်ဆောက်ပေးခဲ့ကြောင်း ဒီဇိုင်းရေးဆွဲပေးခဲ့သည့် ဗိသုကာအဖွဲ့ထံမှသိရသည်။ မူလဒီဇိုင်းတွင် အာဇာနည် ဗိမာန်နောက်ခံနံရံချပ်ကို ကြယ်ပွင့်သဏ္ဌာန် အပေါက် ဖောက်ပြီး မြက်ခင်းပေါ် ကြယ်ကြွေနေသည့် ဒီဇိုင်းကိုရေးဆွဲပေးခဲ့သော်လည်း ထိုစဉ်ကဆောက်လုပ်ခဲ့သူများက အပေါက် မဖောက်ဘဲ ကြယ်ပုံသဏ္ဌာန်အချိုင့်သာလုပ်ခဲ့ကြသည်။

လက်ရှိတွင် မြို့တော်စည်ပင်က အာဇာနည်ဗိမာန်နောက်ခံနံရံချပ်ကို ကြယ်ပွင့်သဏ္ဌာန်အပေါက်ပြန်ဖောက်ပြီး မြက်ခင်းပေါ်တွင် ကြယ်ကြွေကျနေသည့်ဒီဇိုင်းကို ပြန်လည်ပြုပြင်လျက်ရှိသည်။ ‘‘Symbolic Starဆိုတာ ကြယ်ပွင့် ဖောက်ထားတာ။ ကြွေလွင့်သွားတဲ့သဘောပေါ့’’ဟု အာဇာနည်ဗိမာန်ဒီဇိုင်း ရေးဆွဲပေးခဲ့သော ဗိသုကာပညာရှင် ဦးဆန်းဦး ကပြောသည်။ ထို့အပြင် အာဇာနည်ကိုးဦးကို ရည်စူးဖော်ပြသည့် ကြယ်ပွင့်သဏ္ဌာန် သင်္ကေတကိုးခုကို ကျောက်သားဖြင့် ပြုလုပ် မည်ဖြစ်ကြောင်း သိရသည်။ ယင်း ကျောက်သားပေါ်တွင် အာဇာနည်ကြီးများ၏ အမည်၊ မွေးသက္ကရာဇ်နှင့် ကျဆုံး သည့် ခုနှစ်တို့ကို ရေးထိုးထားသောကြေးပြားတပ် ဆင်မည်ဖြစ်ကြောင်းသိရသည်။

အာဇာနည်ဗိမာန်နောက်ခံ နံရံချပ်ကို အာဇာနည်ကိုးဦးအား ရည်စူးပြီးအမြှောင်းကိုးခု ပုံဖော်ထားရာယင်းပေါ်တွင် အာဇာနည်အထိမ်းအမှတ် သင်္ကေတ အဖြစ် ကျောက်တုံး တစ်တုံးစီ ထားရှိသွားမည်ဖြစ်ကြောင်း ဦးဆန်းဦး ကပြော သည်။ သို့ဖြစ်ရာ လက်ရှိ အာဇာနည်ကိုးဦးစလုံးကို တစုတစည်း တည်းဖော်ပြထားသည့် အာဇာနည် အထိမ်းအမှတ် သင်္ကေတ အုတ်ခုံကို ဖယ်ရှားနေပြီဖြစ်သည်။

လာမည့် ဇူလိုင် ၁၉ ရက်တွင် အာဇာနည်ဗိမာန်၌ အာဇာနည်များ၏ မိန့်ခွန်းတို(သို့မဟုတ်)ထူးခြားသည့် အကြောင်း အရာများကို ရုပ်ပုံကားချပ်များနှင့် တကွပြသ သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် မူလဒီဇိုင်းတွင် ဘေး၌ထား ရှိသော အလံတိုင်ကို  ဆောက်လုပ်သူများကအလယ် တည့်တည့်၌ ထားခဲ့ရာယခုနှစ် တွင် ဘေးသို့ ပြန်ထားမည်ဖြစ် ကြောင်းသိရသည်။ လက်ရှိအစိုးရက ရရှိသည့် အချိန်ပေါ်မူတည်၍ မူလကရေး ဆွဲပေးခဲ့သော ဒီဇိုင်းများအတိုင်း ပြန်လည်ပြင်ဆင် နေခြင်း  ဖြစ်သည်။


Leave a Reply