လျှပ်စစ်ရထားပြေးဆွဲမှု ရပ်ဆိုင်းမည်

IMG_3724aaaaaaaaaaaa

ရန်ကုန်မြို့ ကမ်းနားလမ်းတွင် ငါးလကျော်ပြေးဆွဲနေသော လျှပ်စစ်ရထားသည် ခရီးသွားပြည်သူများအတွက် ထိရောက်သည့် သယ်ယူပို့ဆောင်မှု မလုပ်ဆောင် နိုင်ခြင်းကြောင့် ဇူလိုင် ၁ ရက်မှစ၍ ပြေးဆွဲမှုရပ်ဆိုင်းမည် ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘ကမ်းနားလမ်းမှာက အခက်အခဲတွေ အများကြီးကျော်လွှားရတယ်။ ကွန်တိန်နာကားတွေရပ် ထားရတာမျိုးနဲ့ ယာဉ်ကြောပိတ်ဆို့သွားတာ တွေရှိတယ်။ လျှပ်စစ်ရထား ကို ရပ်လိုက်ခြင်းကတော့ ထိရောက်တဲ့သယ်ယူပို့ဆောင်မှု ကိုလည်း မလုပ်နိုင်တာကြောင့်ပါ။ ဒီထက်ကောင်းတဲ့ လမ်းကြောင်းကိုရှာဖွေမယ်၊ နည်းလမ်းကောင်းတွေ ယူမယ်’’ဟု မြန်မာ့မီးရထား (အောက်မြန်မာပြည်) အထွေထွေ မန်နေဂျာဦးထွန်းအောင်သင်းက ပြောသည်။

လျှပ်စစ်ရထားပြေးဆွဲမှု ရပ်နားထားချိန်၌ ၀ါးတန်းလမ်းတွင် ထားရှိမည်ဖြစ်ပြီး အခြားအစားထိုးပြေးဆွဲနိုင်မည့် လမ်းကြောင်းများ၌ အဆင်သင့် အသုံးပြုနိုင်ရန် ထိန်းသိမ်း ဆောင်ရွက်ထားမည်ဟုဆိုသည်။ လက်ရှိတွင် လျှပ်စစ ရထား ခရီးသည်စီးနင်းမှုအခြေအနေသည် တစ်ရက်လျှင် ပျမ်းမျှ ၄၅ ဦးခန့်သာရှိကြောင်း သိရ သည်။ လျှပ်စစ်ရထား ကို ယခုနှစ် ဇန်န၀ါရီ ၁၀ ရက်တွင် စတင်ပြီးဇွန်လ ၃၀ ရက်အထိ နောက်ဆုံးပြေးဆွဲပေးမည် ဖြစ်သည်။

လျှပ်စစ်ရထားတွင် ခရီးသည်ပေါင်း ၁၈၀ ဦးစီးနင်းနိုင် သည့် တွဲဆိုင်းနှစ်ဆိုင်းနှင့် ခရီး သည် ၉၄ ဦးစီးနင်းနိုင်သည့် တွဲ ဆိုင်းတစ်ဆိုင်းပါဝင်ကာ နေ့စဉ် နံနက် ၈ နာရီ၌ ၀ါးတန်းဘူတာမှလင်စဒေါင်းဘူတာသို့ ပြေးဆွဲပေးပြီး ခရီးသည် တစ်ဦးလျှင် ၁၀၀ ကျပ်သတ်မှတ်ထားသည်။

လျှပ်စစ်ရထားပြေးဆွဲနိုင်ရန် ရထားပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံမှ West Corporation တို့ပူးပေါင်း၍ ဆောင်ရွက်ထားခြင်းဖြစ်ပြီး  အဆိုပါ ရထားကို ဂျပန်နိုင်ငံ ဟီရိုရှီးမားကုမ္ပဏီက ဂျပန်ယန်း ၄၅၄  သန်းဖြင့် မှာယူထား ခြင်းဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

မြန်မာ့မီးရထားက လျှပ်စစ် ရထားပြေးဆွဲခြင်းကို ကမ်းနားလမ်းတွင် ပထမအဆင့်နှင့် ဒုတိယအ ဆင့်အနေဖြင့် ကြည့်မြင်တိုင်နှင့် လင်းစဒေါင်း၊ ပုဇွန်တောင်ဘူတာ သို့ ပြေးဆွဲရန် သတ်မှတ်ထားသော် လည်း လက်ရှိပြေးဆွဲနေသည့် လျှပ်စစ်ရထား ရပ်ဆိုင်းမည်ဖြစ် ၍ ဒုတိယအဆင့်ကို ဆက်လက်ဆောင်ရွက်ဖွယ် မရှိသေးကြောင်း မြန်မာ့မီးရထားမှ သိရသည်။


Leave a Reply