တိုင်းဒေသကြီးပါတီဥက္ကဋ္ဌဦးသာအေးမုံရွာမြို့နယ်ပါတီ မျက်နှာစုံညီအစည်းအဝေးတက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသာအေးသည် ယခု လ ၂၆ရက် နံနက် ၉ နာရီတွင် တိုင်းဒေသကြီး ပါတီရုံးအစည်းအ ဝေးခန်းမတွင်ကျင်းပသည့် မုံရွာ မြို့နယ် ပါတီမျက်နှာစုံညီအစည်း အဝေးသို့တက်ရောက်၍ လမ်းညွှန် အမှာစကားပြောကြားသည်။

မုံရွာမြို့နယ် ပါတီမျက်နှာစုံညီ အကြိုညှိနှိုင်း အစည်းအဝေးတွင် တိုင်းဒေသကြီးပါတီ ပြန်လည်ရွေး ချယ်ဖွဲ့စည်းရေးကော်မတီဝင် တိုင်း ဒေသကြီးအတွင်းရေးမှူးဒေါက်တာ ဝင်းမြင့်အောင်က ရွေးချယ်မှုလုပ် ထုံးလုပ်နည်းများကို ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် မြို့ နယ်ပါတီအတွက် မြို့နယ်ကော် မတီဝင်အသစ်၁၅ဦးနှင့်အရန်မြို့နယ် ကော်မတီဝင်အသစ် ၁၅ ဦးစီကို စိစစ်ရွေးချယ်ခြင်းလုပ်ငန်းစဉ်အဆင့် ဆင့်ဖြင့် စိစစ်ရွေးချယ်ကြသည်။
ဆက်လက်၍မုံရွာမြို့နယ်ပါတီ မျက်နှာစုံညီအစည်းအဝေးကိုဆက် လက်ကျင်းပခဲ့ပြီးမြို့နယ်ပါတီကော် မတီဝင်အသစ် ၁၅ ဦး၏ အမည် စာရင်းကြေညာခြင်း၊ ပြည်ခိုင်ဖြိုး ပါတီ၏ ရည်မှန်းချက် ရှေ့လုပ်ငန်း စဉ်များဆွေးနွေးချက် စာတမ်း ငါးစောင်ကို မြို့နယ်ကော်မတီဝင် အသစ်များက ဖတ်ကြားတင်သွင်း ခဲ့ပြီး အခမ်းအနားကိုကြွေးကြော် သံများဖြင့် ရုပ်သိမ်းခဲ့သည်။

ထို့နောက်တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌဦးသာအေးနှင့်အဖွဲ့သည် မြို့ နယ်ကော်မတီဝင်အသင်းများ၊အရန် ကော်မတီဝင်များနှင့်မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌက သြဝါဒလမ်းညွှန် စကားများပြောကြားခဲ့သည်။
မုံရွာခရိုင်အတွင်းရှိ မြို့နယ် များ မျက်နှာစုံညီအစည်းအဝေးကို ယခုလ ၂၁ရက်တွင် ချောင်းဦးမြို့ နယ်၊ ၂၄ရက်တွင် အရာတော် မြိ့နယ်တို့တွင်ကျင်းပခဲ့ပြီး ယနေ့ တွင် ဘုတလင်မြို့နယ်၌ ကျင်းပ မည်ဖြစ်ကြောင်းသိရသည်။

Union daily


Leave a Reply