မိုးညှင်းပြည်ခိုင်ဖြိုးပါတီ ရပ်ကွက်ကျေးရွာအုပ်စု မျက်နှာစုံညီအစည်းအဝေးကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရပ်ကွက်ကျေးရွာအုပ်စု မျက်နှာစုံညီအစည်းအဝေးကို ဇွန်လ (၁၅) ရက် နေ့လည် (၁) နာရီအချိန်က မြို့နယ်ပါတီရုံးခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်တာဝန်ခံ ဦးကျော်စိုးလေး၊ သဘာပတိ၊ ခရိုင်ပါတီအတွင်းရေးမှူး၊
ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီအတွင်းရေးရေးမှူးနှင့် ပါတီကော်မတီဝင်များ (၄၆)အုပ်စုမှ အုပ်စု (ပ) ခေါင်းဆောင်၊ (ဒု)ခေါင်းဆောင်များ၊ လူငယ်ကေဒါများ စုစုပေါင်းအင်အား (၁၁၅)ဦး တက် ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် သဘာပတိမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ခရိုင်တာဝန်ခံမှ အမှာစကား ပြောကြားခြင်း၊ ရပ်ကျေးတာဝန်ပေးခန့်အပ်လွှာများကို မြို့နယ်ပါတီအတွင်းရေးမှူးမှ ဒေသတာဝန်ခံ များသို့ ပေးအပ်ခြင်း၊ လူငယ်ကေဒါတာဝန်ပေးခန့်အပ်လွှာများကို လူငယ်တာဝန်ခံမှ လူငယ်ကေဒါများ အားပေးအပ်ခြင်း၊ media ဂုဏ်ပြုဆုရ (၁၂)ဦးသို့ ဂုဏ်ပြုဆုများပေးအပ်ခြင်း၊ ရပ်ကျေးခေါင်းဆောင် များအား သဘာပတိရှေ့မှောက်၌ ကတိသစ္စာပြုခြင်းများဖြင့် ဆောင်ရွက်ခဲ့ကြပြီး အခမ်းအနားကို
ကြွေးကြော်သံများဖြင့် ရုတ်သိမ်းခဲ့ကြောင်းသိရသည်။

Credit – Myo Myo


Leave a Reply