ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဂျပန်နိုင်ငံအစိုးရအဖွဲ့၏ အထူးကိုယ်စားလှယ် နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ Mr. Yohei SASAKAWA နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

 

နေပြည်တော်၊ ဒီဇင်ဘာ ၁၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဦးသန်းဌေးသည် ဂျပန်နိုင်ငံအစိုးရအဖွဲ့၏ အထူးကိုယ်စားလှယ် နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ Mr. Yohei SASAKAWA နှင့်အဖွဲ့အား ယနေ့ နေ့လည် ၁ နာရီတွင် နေပြည်တော် ပြည်ခိုင်ဖြိုးပါတီဌာနချုပ် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ယခင်ကာလတည်းက တည်ဆောက်ထားသည့် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာရေး၊ ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်သွားရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းလက်တွဲဆောင်ရွက်ရေး ကိစ္စများကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသော ဦးစိုးနိုင်၊ ဦးခင်ရီ၊ ဗဟိုကော်မတီဝင်များဖြစ်ကြသည့် ဦးတင်ဦးလွင်၊ ဒေါက်တာနန္ဒာလှမြင့်တို့တက်ရောက်ခဲ့ကြပြီး ဂျပန်နိုင်ငံအစိုးရအဖွဲ့၏ အထူးကိုယ်စားလှယ် နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ Mr. Yohei SASAKAWA နှင့်အတူ အဖွဲ့ဝင် ၅ ဦး တက်ရောက်ခဲ့သည်။

WHT