မိုးကုတ်မြို့နယ် အခြေခံပညာကျောင်းများတွင် ပြည်ခိုင်ဖြိုးပါတီက ခြင်ဆေးဖျန်းခြင်း ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် များက မြို့နယ်ပညာရေးဌာနနှင့် ပူးပေါင်းကာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ တွင် တက်ရောက်ပညာသင်ကြားနေ သောကလေးငယ်များ ခြင်အန္တရာယ် ကင်းဝေးပြီး မိုးဦးကာလတွင်ဖြစ် ပွားလေ့ရှိသော သွေးလွန်တုပ်ကွေး ရောဂါများ၊ ဝမ်းပျက်ဝမ်းလျှော ရောဂါများမဖြစ်ပွားစေရေးအတွက် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းကိုဆောင် ရွက်လျက်ရှိရာ ယခုလ ၅ ရက် နံနက်ပိုင်းကရှမ်းတောအလယ်တန်း ကျောင်းစာသင်ခန်းများနှင့်ကျောင်း ဝင်းအတွင်း ခြင်ဆေးဖျန်းခြင်း ဆောင်ရွက်ခဲ့သည်။

ခြင်ဆေးဖျန်းခြင်းလုပ်ငန်းနှင့် ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးက ”ကျောင်းသားငယ် လေးတွေ၊ကျောင်းသားကျောင်းသူ တွေ ခြင်ကိုက်ခြင်းကြောင့်ဖြစ်ပွားတတ်တဲ့ ရောဂါ အန္တရာယ်တွေ မဖြစ်ပွားစေဖို့အတွက် ရည်ရွယ်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ယခုလ ၅ ရက်က ကျောင်းခြောက် ကျောင်းမှာခြင်ဆေးဖျန်းပြီးပါပြီ။ မနေ့ကတော့ အခုဖျန်းနေတဲ့ ရှမ်း တောကျောင်းနဲ့ အခြားကျောင်းငါး ကျောင်းကိုသွားရောက်ပြီး စာသင်ခန်းတွေ၊ အိမ်သာ တွေ၊ ပန်းအိုးတွေနဲ့ ခြင်ခိုအောင်းပြီးပေါက်ဖွား နိုင်တဲ့နေရာအားလုံးကို ခြင်ဆေး ဖျန်းပေး မှာပါ” ဟုပြောသည်။

နေဝါ(မိုးကုတ်)


Leave a Reply