တနင်္သာရီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဖားချောင်းကျေးရွာအုပ်စု ပါတီကေဒါများရွေးချယ်ပွဲတက်ရောက်

တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကံ ပေါက်ဒေသ ဖားချောင်းကျေးရွာ အုပ်စု တောင်ရင်းအင်းကျေးရွာရှိ ပါတီဝင် ဦးတင်အေးနေအိမ်၌ ဇွန်လ (၃) ရက် နံနက် (၁ဝ ) နာရီတွင် ကျေးရွာအုပ်စုအမာခံပါတီကေဒါ များရွေးချယ်တင်မြှောက်ပွဲကျင်းပရာ ရှေးဦးစွာ ပါတီဗဟိုကော်မတီဝင် တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးဦးကျော်ဝင်း (၁) တက်ရောက်အားပေးကာ ပါတီ ဌာနချုပ်၏လမ်းညွှန်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် ခရိုင်ပါတီအတွင်း ရေးမှူးဦးထိန်ဝင်းနှင့် မြို့နယ်ပါတီ အတွင်းရေးမှူး ဒေါ်ကေသီနွယ်တို့ ကရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီးနောက်တက် ရောက်လာသောရပ်မိရပ်ဖများနှင့် ပါတီဝင်များက ကျေးရွာအုပ်စု ခေါင်းဆောင်၊ဒုတိယခေါင်းဆောင် များ၊ အမာခံပါတီကေဒါများ စုစု ပေါင်း၁ဝဦးကိုရွေးချယ်ပေးခဲ့သည်။
အခမ်းအနားသို့ ခရိုင်ပါတီ ကော်မတီဝင်သုံးဦး၊ မြို့နယ်ပါတီ ကော်မတီဝင်များ၊ ကျေးရွာအုပ်စု မှ ပါတီဝင်များ၊ စုစုပေါင်းအင် အား ၅ဝ တက်ရောက်ကြောင်း သိရသည်။

ပြုံးချို(ထားဝယ်)


Leave a Reply