မြန်မာနှင့် တောင်ကိုရီးယား အမျိုးသမီးအသင်း ခြေစမ်းပွဲအကြို သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်

Myanmar-South-Korea-Women-Team-MFF

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနဲ့ တောင်ကိုရီးယားလက်ရွေးစင် အမျိုးသမီး အသင်းတို့ရဲ့ နိုင်ငံတကာ ခြေစမ်းပွဲအကြို သတင်းစာရှင်းလင်းပွဲကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှာ ဇွန်လ ၃ ရက်နေ့ ပြုလုပ်သွားဖို့ ရှိနေပါတယ်။

မြန်မာအမျိုးသမီးအသင်းဟာ လာမယ့် ဇူလိုင်လအတွင်း မန္တလေးမြို့မှာ ကျင်းပမယ့် အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ၂၀၁၆ ဘောလုံးပြိုင်ပွဲအတွက် ကြိုတင် ပြင်ဆင်တဲ့ အနေနဲ့  ကမ္ဘာ့အဆင့်ရှိတဲ့ တောင်ကိုရီးယား အမျိုးသမီးအသင်းနဲ့ ခြေစမ်းပွဲ ၂ ပွဲ ကစားဖို့ စီစဉ်ထားပါတယ်။

ခြေစမ်းပွဲကို ဇွန်လ ၄ ရက်နဲ့ ၇ ရက်နေ့တွေမှာ ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ ဘောလုံး အဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် AYA Bank ဖလား လေးနိုင်ငံ အမျိုးသား ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကိုတော့ ရန်ကုန်မြို့မှာ ဇွန်လ ၃ ရက်ကနေ ၆ ရက်နေ့ အထိ ယှဉ်ပြိုင်သွားမှာပါ။

ဒီပြိုင်ပွဲမှာ မြန်မာ၊ ဗီယက်နမ်၊ စင်ကာပူနဲ့ ဟောင်ကောင်အသင်းတွေ ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

(DVB Burmese)


Leave a Reply