အင်္ဂလန်နှင့် ဝေးလ်ရိသတ်များကို အရက်မသောက်ရန် တားမြစ်

England-and-Wales-last-met-in-Euro-2012-Getty-Images

(Getty Images)

၂၀၁၆ ယူရိုပြိုင်ပွဲမှာ ပြင်သစ်နိုင်ငံ လန်းစ်မြို့ရဲ့ လမ်းတွေပေါ်မှာ အင်္ဂလန်နဲ့ ဝေးလ် ဘောလုံးပရိသတ်တွေကို အရက်သေစာ မသောက်စားဖို့ ပြင်သစ် အာဏာပိုင် တွေက တားမြစ်လိုက်ပါတယ်။

ဇွန် ၁၆ အုပ်စု ခ ပွဲစဉ်အဖြစ် အင်္ဂလန်နဲ့ ဝေးလ်အသင်းတို့ ကစားကြမှာဖြစ်ပြီး လန်းစ်မြို့မှာ အရက်သောက်ခွင့်ကို ၂၄ နာရီ ပိတ်ပင်လိုက်တဲ့အတွက် အရက်သောက်ခွင့်ရမှာ မဟုတ်ပါဘူး။

ရဲတွေက ကားတွေကို အရက်သေစာ ပါမပါ စစ်ဆေးမှုတွေ လုပ်ဆောင်သွားမှာဖြစ်ပြီး ပွဲအတွက် လက်မှတ်မပါတဲ့ ပရိသတ်တွေကို သွားရောက်ခြင်းမပြုဖို့လည်း သတိပေးထားပါတယ်။

လက်မှတ်မပါတဲ့ ပရိသတ်တွေကို လိုင်လီမှာရှိတဲ့ ပရိသတ်ဇုန်ကို သွားရောက်ပြီး ပွဲကို ကြည့်ဖို့ ဗြိတိန် ရဲတပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

လန်းစ်မြို့မှာ ကျင်းပတဲ့ ပွဲစဉ်တိုင်းအတွက် အရက်နဲ့ပတ်သက်တဲ့ တားမြစ်ချက်ကို ထုတ်ပြန်ထားပါတယ်။

(DVB)


Leave a Reply