လီဗာပူးနှင့် ဆီဗီလာ ယနေ့ည ယူရိုပါလိဂ်ဖလား ဗိုလ်လုမည်

516464949

ဘေဆယ်−ယူရိုပါလိဂ်ဖလားကို သုံးနှစ်ဆက်တိုက် ရယူရန် ကြိုး စားမည့် ဆီဗီလာနှင့် လီဗာပူးအ သင်းတို့သည် ဘေဆယ်မြို့ စိန်ဂျာကော့ဘ်ပက်ခ်ကွင်းတွင် ယနေ့ည ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ဆီဗီလာသည် ၂၀၁၄ က ဘင်ဖီကာ၊ ၂၀၁၅ က ဒီနီပရိုအ သင်းတို့ကို အနိုင်ယူပြီး ယူရိုပါ လိဂ်ဖလားများ ရရှိခဲ့သည်။

ဆီဗီလာသည် လာမည့် တနင်္ဂနွေတွင် လာလီဂါချန်ပီယံ ဘာစီလိုနာနှင့် ကိုပါဒယ်ရေးဖလား ဗိုလ်လုပွဲ ယှဉ်ပြိုင် ရဦးမည် ဖြစ်သည်။

‘‘သူတို့ဟာ အတော်လေး အတွေ့အကြုံရှိပြီး အဆင်သင့် လည်းဖြစ်နေပါလိမ့်မယ်။ အဲဒါ သံသယရှိစရာ မလိုပါဘူး။ ဒါပေ မဲ့ သူတို့ဟာ ဗိုလ်လုပွဲနှစ်ပွဲ ယှဉ် ပြိုင်ရမှာ ဖြစ်ပါတယ်’’ ဟု ဆီဗီ လာအသင်းနှင့် ပတ်သက်၍ လီ ဗာပူးနည်းပြ ဂျာဂန် ကလော့ပ်က ပြောကြားသည်။

ထို့ပြင် ဆီဗီလာအသင်း ယူ ရိုပါလိဂ်ဖလား ၂ နှစ်ဆက်တိုက် ရထားခြင်းမှာ မိမိတို့နှင့် ယှဉ်ပြိုင် ရမည့် ဗိုလ်လုပွဲအတွက် အကျိုး သက်ရောက်မှုမရှိဟု ဂျာဂန်ကလော့ပ်က ပြောသည်။ လီဗာပူးသည် ၂၀၀၇ က ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် အေစီ မီလန်ကို အနိုင်ရခဲ့ပြီးနောက်ပိုင်း ပထမဆုံး ဥရောပ အဆင့် ဗိုလ်လုပွဲ ယှဉ်ပြိုင်ရန် အသင်းသားများ ဘေဆယ်မြို့သို့ တနင်္လာနေ့က ရောက်ရှိနေပြီဖြစ်သည်။

ထို့ပြင် လီဗာပူးကွင်းလယ်လူ အမ်မရီကမ်းက ပြောကြားရာတွင် ဆီဗီလာနှင့်ပွဲသည် ခက်ခဲသော ပွဲတစ်ပွဲ ဖြစ်လာ မည်ဖြစ်သော်လည်း အသင်းတစ်သင်းအဖြစ် မိမိတို့ ပြသနိုင်သော ခြေစွမ်းမျိုးကို ပြသနိုင်မည်ဆိုပါက ဖလား ရနိုင်သည်ဟု ပြောသည်။

လီဗာပူး အသင်းခေါင်းဆောင် ဂျော်ဒန်ဟန်ဒါဆင်သည် ဒူးဒဏ်ရာပျောက်ကင်းသွားပြီဖြစ်၍ ဆီဗီလာနှင့် ပွဲတွင် ပါဝင် ကစားနိုင်ကြောင်း သိရသည်။ ဆီဗီလာနည်းပြ အမ်မရီက ပြောကြားရာတွင် မိမိတို့အသင်းသည် ဗိုလ်လုပွဲ နှစ်ပွဲယှဉ်ပြိုင်ရမည်ဖြစ်ပြီး ပြိုင်ဘက်များက မိမိတို့ကို ခက်ခဲအောင် လုပ်ဆောင်လာနိုင်သော်လည်း ရင်ဆိုင်ရန် ဆုံးဖြတ်ထားပြီးဖြစ်သည်ဟု ပြောကြားသည်။ ထို့ပြင် တတိယအကြိမ် ယူရိုပါလိဂ်ဖလား ရယူလိုသည်ဟု ဆီဗီလာနည်းပြ အမ်မရီက ပြောသည်။

 —Ref: AFP


Leave a Reply