“US Open မှာ နဒါးလ် ၃ကြိမ်မြောက် ဗိုလ်စွဲ”

အမေရိကန်နိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၁၇ခုနှစ်ရဲ့ US Open တင်းနစ်ပြိုင်ပွဲရဲ့ အမျိုးသား ဖိုင်နယ်မှာ စပိန်က ရာဖာ နဒါးလ်က တောင်အာဖရိကက အန်ဒါဆင်ကို ၃ပွဲပြတ်နဲ့ လွယ်လွယ်နိုင်ပြီး ချန်ပီယံ ဖြစ်လာပါတယ်။

အသက် ၃၁နှစ်ရှိတဲ့ နဒါးလ်ဟာ US Open မှာ ၂၀၁၃ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဗိုလ်စွဲနိုင်တာဖြစ်ပြီး ပြိုင်ပွဲ သမိုင်းတစ်လျောက် ၃ကြိမ်မြောက် ရခဲ့တာလည်းဖြစ်ပါတယ်။

နဒါးလ်ဟာ ဖိုင်နယ်မှာ အန်ဒါဆင်ကို ၆-၃၊ ၆-၃၊ ၆-၄၊ ၃ပွဲပြတ်နဲ့နိုင်ခဲ့လို့ ၂၀၁၇ခုနှစ် အတွင်းမှာ ဂရင်းစလင်း ချန်ပီယံဆုကို ၂ကြိမ်မြောက် ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ နဒါးလ်ဟာ ဆုကြေးငွေ အမေရိကန် ဒေါ်လာ ၃.၅သန်းနဲ့အတူ ဂရင်းစလင်းချန်ပီယံ ၁၆ကြိမ်မြောက် ဆုဖလားကို ရယူနိုင်ခဲ့ပြီး ဖက်ဒါရာရဲ့ နောက် ၃ကြိမ်အကွာမှာ ရှိနေပါတယ်။

၂၀၁၀နဲ့ ၂၀၁၃ခုနှစ်တွေမှာ ၂ကြိမ် ချန်ပီယံဖြစ်ဖူးတဲ့ နဒါးလ်အတွက်တော့ ဒီနှစ်အတွက် ကမ္ဘာ့နံပါတ် ၁ နေရာကို ဆက်လက်ထိန်းသိမ်းနိုင်တော့မှာ ဖြစ်ပါတယ်။

နဒါးလ်ဟာ သူ့ရဲ့ ကစားသမား သက်တမ်းတစ်လျောက် ပြင်သစ်အိုးပင်း ၁၀ကြိမ်၊ US Open ၃ကြိမ်၊ ၀င်ဘယ်ဒန် အိုးပင်း ၂ကြိမ်နဲ့ သြစတြေးလျအိုးပင်း ၁ကြိမ် ဗိုလ်စွဲ ထားသူ ဖြစ်ပါတယ်။

(ဘီဘီစီ)