တပ်မတော်သတင်းစာရှင်းလင်းပွဲကျင်းပမည်

 

တပ်မတော်က သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို နေပြည်တော် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ရှိ ဘုရင့်နောင်ရိပ်သာ ၌ မေလ (၁၃) ရက် မွန်းလွဲ (၂) နာရီတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးထံမှ သိရသည်။

ယင်းသတင်းစာရှင်းလင်းပွဲသို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနှင့်အတူ ပြည်ထောင်စုနေ့စဉ်၊ Democracy Today၊ စံတော်ချိန်၊ 7 Day၊ Daily Eleven၊ The Voice၊ မန္တလေးနေ့စဉ်၊ Tomorrow၊ Myanmar Review၊ လူထုပုံရိပ်၊ လျှပ်တစ်ပြက်၊ Messenger၊ ပြည်မြန်မာ၊ Hot News၊ ဧရာဝတီ၊ Sky Net၊ ကမာရွတ်နှင့် မဇ္ဈိမ မီဒီယာတို့ကို ဖိတ်ကြားထားသည်။

ယင်းသို့တွေ့ဆုံရာ၌ အချိန်ကန့်သတ်ချက်ရှိသည့်အတွက် တက်ရောက်လာသည့် သတင်းမီဒီယာများက သိရှိလိုသည့် မေးမြန်းချက်များကို ရှင်းလင်းတိုတောင်းစွာဖြင့် တစ်ဦးလျှင် မေးခွန်းနှစ်ခုနှုန်းသာ မေးမြန်းရန်၊ တက်ရောက်မည့် ကိုယ်စားလှယ်အမည်နှင့် မေးမြန်းလိုသည့် မေးခွန်း နှစ်ခုစီကို မေလ (၁၂) ရက်နေ့ မွန်းလွဲ (၂) နာရီအရောက် ပေးပို့အကြောင်းကြားပေးရန် ယင်းဖိတ်ကြားစာတွင် ဖော်ပြထားသည်။

The Voice Weekly


Leave a Reply