ဟင်္သာတခရိုင် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဟင်္သာတခရိုင်အတွင်း ခြောက်မြို့နယ်ရှိ ရပ်ကွက်/ ကျေးရွာများမှ မြို့နယ်အဆင့်တိုင်း မျက်နှာစုံညီ အစည်းအဝေးများ ကျင်းပလျက်ရှိရာ ပါတီကျစ်လျစ်ခိုင်မာလာရေးကို ဦးတည်ဖော်ဆောင်ရန် ဟင်္သာတခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ (၁၀) ရက် နံနက် (၉) နာရီက ဟင်္သာတခရိုင် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းဝေးခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းပွဲသို့ ပါတီဗဟိုကော်မတီဝင် ဦးခင်မောင်ရီနှင့် ဧရာဝတီတိုင်းဒေသကြီး ပါတီ ကော်မတီဝင်များ၊ ခရိုင်ပါတီနယကများနှင့် ဟင်္သာတခရိုင်ပါတီ ကော်မတီဝင်များ တက်ရောက်ကြပြီး ဗဟိုကော်မတီဝင် ဦးခင်မောင်ရီက ဒုတိယအကြိမ် ပါတီညီလာခံကြီး အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ရပ်/ကျေးအဆင့်မှသည် မြို့နယ်အဆင့်သို့ တိုင်းပါတီ ပြန်လည်ဖွဲ့ည်းရေးဆောင်ရွက်ရာတွင် မိမိဦးဆောင်သော ခရိုင်အတွင်းကြီးကြပ်အဖွဲ့က စနစ်တကျ ဆောင်ရွက်သွားမည့် အစီအစဉ်ကို ရှင်းလင်း ဆွေးနွေးသည်။

ထို့နောက် သက်ဆိုင်ရာမြို့နယ်များအလိုက် တာဝန်ယူထားကြသော တိုင်းဒေသကြီး၊ ခရိုင်ပါတီ ကော် မတီဝင်များက မျက်နှာစုံညီ အစည်းအဝေးများ ကျင်းပပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်ရန် အခြေ အနေတို့ကို တင်ပြဆွေးနွေးကြကာ ဟင်္သာတခရိုင် ပြည်ခိုင်ဖြိုးပါတီ၏ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။


Leave a Reply