ဒဂုံအရှေ့ ပြည်ခိုင်ဖြိုး အန္တရာယ်ကင်း ပရိတ်တရားတော်နာကြား

DG3

မြန်မာနှစ်ဆန်းတစ်ရက်နေ့ (ဧပြီလ ၁၇) ရက်နေ့ ညနေ(၅) နာရီ (၂၀) မိနစ်အချိန်က ဒဂုံမြို့သစ် (အရှေ့ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးဝန်းအတွင်း အန္တရာယ်ကင်း ပရိတ် တရားတော်များနာကြားခဲ့ကြသည်။

အခမ်းအနားသို့ အမှတ်(၁၃)ရပ်ကွက် ရွှေခြံဓမ္မရိပ်သာကျောင်းတိုက် ဦးစီးပဓါနနာယက ဆရာတော် ဘဒ္ဒန္တဇာဂရိယ အမှူးပြုသော ဆရာတော်ကြီးများ ပထမအကြိမ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်သူနှင့်ဇနီး၊ မြို့နယ်ပါတီအတွင်းရေးမှူးနှင့် ပါတီကော်မတီဝင်များ ရပ်/ကျေး ပါတီအဖွဲ့များ တက်ရောက်ခဲ့ကြပြီး ဆရာတော် သံဃာတော်များမှ ကောင်းကျိုးချမ်းသာ ဖြစ်စေမည့် ပရိတ်တရားတော်များ ရွတ်ဖတ်ပေးတော်မူကြကာ ပရိတ်တရားတော် နာယူကြ သူများမှ ဝတ္ထုငွေနှင့် အအေးများ ဆက်ကပ်လှုဒါန်းခဲ့ကြကြောင်း သိရသည်။

Credit – Thiha Oo

Leave a Reply