အထက (၁) ကျောင်းပညာရည်ချွန်ဆုပေးပွဲ သံတွဲပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် အဖွဲ့ တက်ရောက်ချီးမြှင့်

နိုဝင်ဘာ (၂၁) ရက် နံနက် (၁၁) နာရီအချိန်ကကျင်းပပြုလုပ်သည့် သံတွဲမြို့နယ် အထက(၁)ကျောင်း ပညာရည်ချွန် ဆုပေးပွဲ အခမ်းအနားသို့ မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးစန်းနိုင်၊ မြို့နယ် ပါတီ အတွင်းရေးမှူးနှင့် မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်၍ တက္ကသိုလ်ဝင်တန်း ဝိပ္ပံတွဲပထမ၊ ဒုတိယ၊ တတိယဆုနှင့် ကျောင်းတွင်း ထူးချွန်ဆုများကို ပါတီမှချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားသို့ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ကျောင်အကျိုးတော် ဆောင်များ၊ ဆရာ၊ဆရာမများ၊ ဆုရကျောင်းသား၊ကျောင်းသူများနှင့် မိဘများ အင်အား (၃၀၀)ခန့် တက်ရောက်ကြောင်း သိရှိရပါသည်။

# ဇွဲနောင်


Leave a Reply