ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်မန္တလေးတိုင်းဒေသကြီး နယ်မြေ တာဝန်ခံ ဦးဝဏ္ဏမောင်လွင် တိုင်းဒေသကြီး ခရိုင်မြို့နယ်ကော်မတီဝင် များနှင့်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး နယ်မြေတာဝန်ခံဦးဝဏ္ဏမောင်လွင်သည် ယမန်နေ့ ညနေ ၄ နာရီက တိုင်းဒေသကြီးပါတီရုံး           အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးပါတီကော်မတီ၊ မန္တလေးခရိုင် ပါတီကော်မတီနှင့် မန္တလေးခရိုင် အတွင်းရှိ မြို့နယ်ခုနစ်မြို့နယ်မှ ပါတီကော်မတီဝင်များနှင့်တွေ့ဆုံ၍ ပါတီဆိုင်ရာကိစ္စ   ရပ်များကို ဆွေးနွေးမှာကြားခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေး တိုင်းဒေသကြီး နယ်မြေ တာဝန်ခံဦးဝဏ္ဏမောင်လွင်က နိုင်ငံတော်၏ လက်ရှိနိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေ     အနေများ၊ ပြည်ခိုင်ဖြိုးပါတီ လက်ရှိလှုပ်ရှားဆောင်ရွက်နေမှုများ၊ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ရှေ့ဆက်ဆောင် ရွက်သွားမည့် လုပ်ငန်းစဉ်များအစရှိသည်တို့ကို မှာကြားဆွေးနွေး ခဲ့ပြီးနောက်မန္တလေးတိုင်းဒေသကြီး မန္တလေးခရိုင်နှင့် မြို့နယ်ပါတီများမှ တာဝန်ရှိသူများက နယ်မြေဒေသအလိုက် ပါတီလုပ်ငန်းဆောင်ရွက် နေမှုများနှင့်ပတ်သက်၍ တင်ပြဆွေးနွေးခဲ့ကြောင်း သိရ သည်။

တွေ့ဆုံရာသို့ ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသ ကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီးနယ်မြေတာဝန်ခံ ဦးဝဏ္ဏမောင်လွင်နှင့်အတူ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်    အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌဦးဝင်းမောင်၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူးဦးအောင်ကျော်မိုး၊တိုင်ဒေသကြီးပါတီကော်မတီဝင်များ၊ မန္တလေးခရိုင်ပါတီဥက္ကဋ္ဌဦးဘိုသင်းနှင့် ခရိုင် ပါတီကော်မတီဝင်များ၊ အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်များ၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမရပူရမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်တို့မှ ဥက္ကဋ္ဌများ၊ မြို့နယ်အတွင်းရေးမှူး များနှင့် မြို့နယ်ပါတီကော်မတီဝင်များ စုစုပေါင်းအင်အား ၁၂ဝ ခန့်တက်ရောက်ခဲ့ကြသည်။

သုတ(မန္တလေး)