ရန်ကုန်အနောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ကြားဖြတ် ရွေးချယ်ပွဲတိုင်းပါတီဥက္ကဋ္ဌတက်ရောက်

 

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အနောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီမှ လစ်လပ်နေသော ပါတီကော်မတီဝင်နှစ်ဦးအတွက် အစားထိုးရန် ကြားဖြတ်ရွေးချယ်ပွဲကို ယမန်နေ့ နံနက် ၁ဝ နာရီက  ရန်ကုန်အနောက်ပိုင်းခရိုင် ပြည်ခိုင် ဖြိုးပါတီကော်မတီရုံးတွင်ကျင်းပရာ ရွေးချယ်ပွဲသို့ ဗဟိုကော်မတီဝင် ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ ဗဟိုကော်မတီဝင်တိုင်းဒေသကြီး ပါတီအတွင်းရေးမှူးဦးသာဝင်းနှင့် ကြားဖြတ်ရွေးချယ်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ပဏာမရွေးချယ်ခံ အသက်(၃၅နှစ်)အောက်ဘွဲ့ရ မြို့နယ်ကော်မတီဝင်လေးဦးတက်ရောက်ကြသည်။

အစီအစဉ်အရ ခရိုင်ပါတီဥက္ကဋ္ဌ ဦးနေဝင်းက ပဏာမရွေးချယ်ထားရှိမှုအခြေအနေကို တင်ပြ ပြီး ရွေးချယ်ခံပါတီဝင်လေးဦးက တစ်ဦးချင်းမိတ်ဆက် စကားပြောကြားကာ ရွေးချယ်ပွဲကော်မရှင် များက သိရှိလိုသည့်အချက် အလက်များကို မေးမြန်းခဲ့ကြပြီး ရွေးချယ်ပွဲကော်မရှင်အဖွဲ့ဝင်များက ဆန္ဒမဲ ပေးရွေးချယ်ခဲ့ကြကြောင်း သိရသည်။

ထိန်ဝင်း(YGN)