မြောက်အမေရိက ဂီတခရီးစဉ်ကို ကြေညာလိုက်တဲ့ အက်ဒ်ရှာယန်

ဗြိတိန်အဆိုတော်နှင့် သီချင်းရေးဆရာ အက်ဒ်ရှာယန်သည် ယခုနှစ်အတွက် မြောက် အမေရိကဂီတဖျော်ဖြေပွဲ ခရီးစဉ် ကို ကြေညာခဲ့သည်။

 

အသက် (၂၆)နှစ် အရွယ်အက်ဒ်ရှာယန်သည် မကြာသေးမီက တတိယမြောက် အယ်လ်ဘမ်ထွက်ရှိပြီး နောက် ယခုကဲ့သို့ မြောက် အမေရိကဂီတခရီးစဉ်ကို ကြေညာခဲ့ခြင်းဖြစ်သည်။

မတ်လ ၃ ရက်က ထွက်ရှိခဲ့ သော တတိယမြောက် Divide အယ်လ်ဘမ်သည် ကော်ပီအချပ် ရေ လေးသိန်းမှ လေးသိန်းခွဲအ ကြား ရောင်းချရလိမ့်မည်ဟု ခန့် မှန်းထားသည်။

၎င်း၏ ဂီတခရီးစဉ်သည် ဇွန် လ ၂၉ ရက်တွင် စတင်မည်ဖြစ် ပြီး အောက်တိုဘာ ၆ ရက်တွင် ပြီးဆုံးမည်ဖြစ်ကာ ဂီတပွဲလက် မှတ်များကို မတ်လ ၁၇ ရက်တွင် ရောင်းချမည်ဖြစ်သည်။

အက်ဒ်ရှာယန်သည် Brit Awards ဆုနှင့် Best British MaleSolo Artist ဆုများအပြင် ၎င်း၏ကျော်ကြားသော Thinking OutLoud သီချင်းဖြင့် ဂရမ်မီဆုနှစ်ဆု ကိုလည်း ချီးမြှင့်ခံခဲ့ရသည်။

ထို့အပြင် ၎င်းသည် နာမည် ကျော်အဆိုတော်များဖြစ်ကြ သော ဂျပ်စတင်ဘီဘာ၊ တေ လာဆွစ်ဖ်နှင့် One Direction အ ဖွဲ့တို့အတွက်လည်း သီချင်းများ ရေးစပ်ပေးခဲ့သည်။

# 7 Day Daily