ကျေးသီးမြို့နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေး လွှတ်တော်ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံး ဆောင်ရွက်

 

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်တွင် (၂၀၁၇)ကြားဖြတ် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းများ မဲဆွယ် စည်းရုံး ရေးအဖြစ် ဖေဖေါ်ဝါရီ(၂၆)ရက်နေ့ နံနက်ပိုင်းတွင် လုံပုရပ်ကွက် သို့လည်းကောင်း၊ ညပိုင်းတွင် ဟော်ကုန်း ရပ်ကွက်သို့လည်းကောင်း သွားရောက်၍ မဲဆန္ဒရှင် မိဘပြည်သူများနှင့် တွေ့ဆုံပြီး ကိုယ်စားလှယ်လောင်း များ၏ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် မဲဆွယ်စည်းရုံးစကားပြော ကားခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

သန်းထူး(တောင်ကြီး)