ရှမ်းပြည်နယ်(တောင်ပိုင်း) ပါတီ ပြည်နယ်အဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်နယ်ပါတီ အစည်းအဝေးခန်းမတွင် မေလ (၉) ရက် နံနက် ၉ နာရီ ၄၅ မိနစ်က ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပရာ ရှမ်းပြည်နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းသန်းဝင်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ပါတီဗဟိုကော်မတီ အစည်း အဝေးမှ ချမှတ်လိုက်သည့် အစည်းအဝေးဆုံးဖြတ်ချက်များ၊ လုပ်ငန်း လမ်းညွှန် မှာကြားချက်များကို ထပ်ဆင့် ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် ပြည်နယ်ပါတီ အတွင်းရေးမှူး ဦးခွန်သိန်းမောင်က ဆွေးနွေးပြီး ပြည်နယ်ပါတီကော်မတီဝင်များ မှ တာဝန်ယူဆောင်ရွက်နေသည့် ရေးရာ ကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်းဆွေးနွေး ကြကာ ဆက်လက်၍ ခရိုင်အလိုက် ဆက်လက်ဆွေးနွေးကြရာတွငါ တောင်ကြီးခရိုင်၊ လွိုင်လင်ခရိုင်၊ လင်းခေး ခရိုင်တို့မှ ပါတီဥက္ကဋ္ဌတို့က ခရိုင်အလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများတို့ကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ မြို့နယ် ၂၁ မြို့နယ်မှ ပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ တို့ကလည်း မြို့နယ်အလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုနှင့် အောက်ခြေ လုပ်ငန်းဆောင်ရွက်မှု အခက်အခဲ၊ လုပ်ငန်းလိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ပါတီဥက္ကဋ္ဌနှင့် ပြည်နယ်ပါတီ အတွင်းရေးမှူး တို့က ပြန်လည်ရှင်းလင်း ဆွေး နွေးပြီး အစည်းအဝေးကို မွန်းလွဲ ၃ နာရီခွဲတွင် ရုပ်သိမ်းလိုက်သည်။

အဆိုပါအစည်းအဝေးသို့ ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းသန်းဝင်း၊ ပြည်နယ် ပါတီအတွင်းရေးမှူး ဦးခွန်သိန်းမောင် တို့နှင့်အတူ ပြည်နယ်ပါတီကော် မတီဝင်များ၊ ခရိုင်ပါတီဥက္ကဋ္ဌများနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ် ၂၁ မြို့နယ်တို့မှ ပါတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ မြို့နယ်ပါတီကော်မတီ ဝင်များ စုစုပေါင်း အင်အား ၆၄ ဦး တက်ရောက်ကြကြောင်း သိရသည်။

သန်းထူး(တောင်ကြီး)