အုတ်တွင်းမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မြေ လွှတ်တော်ကိုယ်စားလှယ်လောင်း သရက်ကုန်းကျေးရွာ မဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ဆုံ
၂၀၁၈၊ စက်တင်ဘာ ၃၀
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းမြင့်သည် ခရိုင်ပါတီကော်မတီဝင် ဦးလွင်မြင့် နှင့် မြို့နယ်ပါတီကော်မတီဝင်များ လိုက်ပါ၍ စက်တင်ဘာ (၃၀) ရက်နေ့နံနက် (၀၉:၀၀) အချိန် နတ်စဉ်ကုန်းကျေးရွာအုပ်စု သရက်ကုန်းကျေးရွာ ဦးတင်အေး နေအိမ်တွင် မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံပါသည်။
တွေ့ဆုံပွဲ၌ ခရိုင်ပါတီကော်မတီဝင် ဦးလွင်မြင့်က လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းမြင့်နှင့် မဲဆန္ဒရှင်ပြည်သူများအား မိတ်ဆက်ပေးပြီး ပါတီ၏ မူဝါဒလမ်းစဉ်များ နိုင်ငံရေးအခြေနေများ ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် မဲပေးရမည့် နေ့ရက်အချိန်များ မဲပေးပုံနည်းစနစ်များကို
ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ယင်းနောက် အုတ်တွင်းမြို့နယ် အမှတ် (၁) နယ်မြေ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းမြင့်က မဲဆန္ဒရှင်ပြည်သူများအား နှုတ်ခွန်းဆက်စကားပြောကြားပြီး မိမိသည် မဲဆန္ဒရှင်ပြည်သူများ၏ ကြုံတွေ့နေရတဲ့ အခက်ခဲများ သဘောထားဆန္ဒများကို အလေးထားပြီး ဆောင်ရွက်မည်ဖြစ်ပြီး လူငယ်များကိုလည်း ပြုစုပျိုးထောင်ပေးခဲ့ကြောင်း၊ လုပ်ဆောင်ရန် ကျန်ရှိနေတဲ့ လုပ်ငန်းရပ်များကိုလည်း ပြန်လည်အကောင်ထည် ဖော်လိုကြောင်း၊ သို့ဖြစ်ပါ၍ မိမိကိုယ် ယုံကြည်စွာဖြင့် မဲပေးကြဘို့ စည်းရုံးဟောပြောပါသည်။ ရှင်းလင်းပြောကြားပြီး မဲဆွယ်စည်းရုံးပွဲကို နေ့လည် (၁၁:၀၀) အချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
Nay Kar Yan