ကရင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်ညီလာခံအကြို လူငယ်နှီးနှောဖလှယ်ပွဲကျင်းပ

 

ကရင်ပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး ဒေါနခန်းမတွင် ယနေ့နံနက် ၉ နာရီက လူငယ်ညီလာခံ အကြို လူငယ်နှီးနှောဖလှယ်ပွဲအခမ်းအနား ကို ကျင်းပရာ ဗဟိုအလုပ်အမှု ဆောင် ကရင်ပြည်နယ်တာဝန်ခံ ဦးသူရိန်ဇော်၊ ပါတီဗဟိုအလုပ် အမှုဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးစောမြင့်ဦး၊ ပြည်နယ်အတွင်း ရေးမှူး ဦးစန်းကို၊ ဗဟိုအလုပ်အမှု ဆောင် ဒေါ်နန်းနီနီအေး၊ ပြည်နယ် ပါတီ ကော်မတီဝင်များ၊ ပြည်နယ် ပါတီနာယကအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် အတွင်း ရေးမှူးများ၊ ခရိုင်/မြို့နယ်ပါတီ လူငယ်ရေးရာတာဝန်ခံများ၊လူငယ် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း အင်အား ၂၄၅ ဦး တက်ရောက် ခဲ့ကြသည်။

အခမ်းအနားကို နိုင်ငံတော် သီချင်းဖြင့်ဖွင့်လှစ်ခဲ့ပြီး ဗဟိုအလုပ် အမှုဆောင်ကရင်ပြည်နယ်တာဝန်ခံ ဦးသူရိန်ဇော်က အဖွင့်အမှာစကား ပြောကြားပြီး လူငယ်ကိုယ်စား လှယ် ၁၄ ဦးမှ လူငယ်သီချင်း ဖြင့် သံပြိုင်သီဆိုခဲ့ကြသည်။ ဆက် လက်ပြီး လူငယ်ကိုယ်စားလှယ် ခုနစ်ဦးမှခေါင်းစဉ်ခုနစ်ခုကိုဆွေးနွေး ကြရာ နိုင်ငံရေးနှင့်မျိုးဆက်သစ် စာတမ်းကို မြဝတီမြို့နယ်မှလူငယ် ကိုယ်စားလှယ်တစ်ဦးက ဆွေးနွေး ခြင်း၊ ပါတီလူငယ်များနှင့် ဝန်းရံ လူငယ်များစုဖွဲ့ခြင်း စာတမ်းကို ဘားအံမြို့နယ်မှ လူငယ်ကိုယ်စား လှယ်တစ်ဦးက ဆွေးနွေးခြင်း၊ လူငယ်များပေါင်းစည်းမှုကွန်ရက် စာတမ်းကို သံတောင်ကြီးမြို့နယ် မှ လူငယ်ကိုယ်စားလှယ်တစ်ဦးက ဆွေးနွေးခြင်း၊ လူငယ်စွမ်းအား မြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးစာတမ်းကို ဖာပွန်မြို့နယ်မှ လူငယ်ကိုယ်စားလှယ် တစ်ဦးက ဆွေးနွေးခြင်း၊ လူငယ်နှင့်ပြည်သူ့ အကျိုးပြုလုပ်ငန်းများစာတမ်းကို ကော့ကရိတ်မြို့နယ်မှလူငယ်ကိုယ် စားလှယ်တစ်ဦးက ဆွေးနွေးခြင်း၊ ပညာရပ်ဆိုင်ရာနှင့် လူငယ်ကဏ္ဍ မြှင့်တင်ရေးစာတမ်းကို ကြာအင်း ဆိပ်ကြီးမြို့နယ်မှ လူငယ်ကိုယ် စားလှယ်တစ်ဦးက ဆွေးနွေးခြင်း၊ လူငယ်နှင့် သတင်းမီဒီယာကဏ္ဍ စာတမ်းကိုလှိုင်းဘွဲ့မြို့နယ်မှလူငယ် ကိုယ်စားလှယ်တစ်ဦးက ဆွေးနွေး ခြင်းဖြင့် အသီးသီး ဆွေးနွေးသွား ကြသည်။
ဆက်လက်ပြီး ဆွေးနွေးပွဲစာ တမ်းခုနစ်စောင်မှ တွေ့ရှိချက်များ နှင့် ပြည်နယ်ပါတီ၏ ရှေ့လုပ်ငန်း စဉ်ကိုးရပ်ကို ချမှတ်နိုင်ခဲ့သည်။ အဆိုပါ စာတမ်းကို လူငယ်ကိုယ် စားလှယ်တစ်ဦးက ဆွေးနွေးတင် ပြသွားသည်။ ကရင်ပြည်နယ်ပါတီ ဥက္ကဋ္ဌ ဦးစောမြင့်ဦးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။ အခမ်းအနား အစီအစဉ်ကို ကရင် သီချင်းသီဆို၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

Union daily