ပုသိမ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ကြီးမှူးကျင်းပသောလူငယ်ညီလာခံအကြိုလူငယ်တွေ့ဆုံပွဲအခမ်းအနားကျင်းပ

 

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီက ကြီးမှူး ကျင်းပသောလူငယ်ညီလာခံအကြို လူငယ်တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် မြို့နယ် ပါတီရုံးအစည်းအဝေးခန်းမ၌ကျင်းပ ခဲ့သည်။

အခမ်းအနားသို့ တိုင်းဒေသ ကြီး ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင် နှစ်ဦး၊ ခရိုင်ပါတီအတွင်းရေးမှူး နှင့် ကော်မတီဝင်သုံးဦး၊ မြို့နယ် ကော်မတီဝင် ၁၂ ဦး၊လူငယ်ကိုယ် စားလှယ် ၁၁ဝ စုစုပေါင်းအင်အား ၁၂၆ ဦးတက်ရောက်ခဲ့သည်။

အခမ်းအနားတွင် အခမ်းအနား မှူးအဖြစ် အမှတ်(၁ဝ)ရပ်ကွက် ပါတီကော်မတီဝင် ဒေါ်မေမြတ်ဦး က ဆောင်ရွက်ပြီး တွဲဖက်အခမ်း အနားမှူးအဖြစ် ကြက်တူရွေး ကျေးရွာပါတီကော်မတီဝင်ဒေါ်နှင်း ဝေစိုးတို့က ဆောင်ရွက်ခဲ့သည်။

ပထမပိုင်းအခမ်းအနား စတင် ကျင်းပရာ သဘာပတိအဖြစ် ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှု ဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဥာဏ်လင်း၊ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဒေါ်ခင်စောမူ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကျော်ထွန်း ဇော်တို့က ဆောင်ရွက်ကြသည်။ အခမ်းအနားအား နိုင်ငံတော်အလံ အလေးပြုခြင်း၊ နိုင်ငံတော်သီချင်း သီဆိုခြင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ သည်။

ပထမဦးစွာ ပါတီဗဟိုအလုပ် အမှုဆောင် တိုင်းပါတီဥက္ကဋ္ဌ ဦးဥာဏ်လင်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကျော်ထွန်း ဇော်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။ ဆက်လက်ပြီး လူငယ်ညီလာခံအကြို လူငယ် တွေ့ဆုံပွဲကျင်းပမည့် အစီအစဉ် များကို ပုသိမ်မြို့နယ် ပါတီကော် မတီဝင် လူငယ်ရေးရာတာဝန်ခံ ဦးအောင်စိုးဦးက ရှင်းလင်းပြော ကြားသည်။

ဆက်လက်ပြီး အစုအဖွဲ့များမှ စုစည်းရရှိသည့် စာတမ်းများဖြစ် သည့် နိုင်ငံရေးကဏ္ဍစာတမ်းအား အမှတ်(၁ဝ)ရပ်ကွက် ပါတီဥက္ကဋ္ဌ ဦးသက်ကိုက လည်းကောင်း၊ စည်းရုံးရေးကဏ္ဍ စာတမ်းအား ကြက်တူရွေးကျေးရွာ ပါတီကော် မတီဝင် ဒေါ်ကေသီခိုင်ကလည်း ကောင်း ဖတ်ကြားတင်သွင်းသည်။
ဆက်လက်ပြီး ဒုတိယပိုင်းအစီ အစဉ်များကို ဆက်လက်ကျင်းပရာ လူငယ်အဖွဲ့ခုနစ်ဖွဲ့၏ခေါင်းဆောင်၊ ဒုတိယခေါင်းဆောင်များအား ရွေး ချယ်ရေးကော်မတီမှ သတ်မှတ် စည်းမျဉ်းစည်းကမ်းများအတိုင်း ရွေးချယ်ခဲ့သည်။
ဆက်လက်ပြီး တတိယပိုင်း အစီအစဉ်များကို ဆက်လက် ကျင်းပရာ မြို့နယ်ကော်မတီဝင် ဦးအောင်စိုးဦးက ရွေးချယ်ထားရှိ သောလူငယ်ခုနစ်ဖွဲ့၏ခေါင်းဆောင် အမည်စာရင်းများ ကြေညာခြင်း၊ ဆွေးနွေးပွဲတွေ့ရှိချက်များနှင့် ရှေ့ ဆက်လက်ဆောင်ရွက်မည့် လုပ် ငန်းစဉ်များအား ရှင်းလင်းတင်ပြ သည်။

ဆက်လက်ပြီး မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးကျော်ထွန်းဇော်က နိဂုံး ချုပ်စကားပြောကြားပြီး အခမ်း အနားကိုပြည်ခိုင်ဖြိုးလူငယ်သီချင်း သံပြိုင်သီဆိုရုပ်သိမ်းခဲ့သည်။

ဆက်လက်ပြီး တက်ရောက် လာကြသည့် လူငယ်အဖွဲ့များမှ ကဆုန်လပြည့် ဗုဒ္ဓနေ့အား ရည်စူး ပြီး ညောင်ရေသွန်းပွဲအခမ်းအနား ကို ဆက်လက်ပြုလုပ်ရာ ပုသိမ်မြို့ ရွှေမုဋ္ဌောဘုရားရှိ ဗောဓိညောင်ပင် သို့ မြို့နယ်ပါတီရုံးမှ စီတန်းသွား ရောက်ပြီး ရေသပ္ပာယ်ပူဇော်ခဲ့ သည်။ တက်ရောက်လာကြသူများ အားခရိုင်ပါတီကော်မတီဝင်မြို့နယ် တာဝန်ခံဒေါ်နေဇင်ထိုက်ကသမ္မတ ထံအိတ်ဖွင့်ပေးစာများဝေငှခဲ့သည်။

Union daily