မတ္တရာပြည်ခိုင်ဖြိုး စာအုပ်၊ ဂျာနယ်များ၊ စာရေးကိရိယာများလှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးလှမြင့်နှင့် မြို့နယ်ကော်မတီများသည် ဖေဖော်ဝါရီ (၂၂) ရက် မွန်းတည့် (၁၂) နာရီအချိန်က ကျောင်းကုန်းကျေးရွာ ဘဝအလင်းရောင်စာပေရေချမ်းစင်၊မွန်မြတ်စေတနာပရဟိတအသင်း၊ ဓမ္မစကူးအသင်းများအတွက် ပညာသုတ စာအုပ်များ၊ ဂျာနယ်များ၊ တရား စာအုပ်များ စုစုပေါင်း အမျိုးအစား(၂၄)မျိုးနှင့် ဗလာစာအုပ်၊ ဘောပင်၊ ခဲတံများ လှူဒါန်းပွဲ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကျောင်းကုန်းကျေးရွာ ရွာဦးကျောင်းဆရာတော်ကြီးထံမှ (၅)ပါးသီလခံယူခြင်း၊ ပါတီဥက္ကဌမှ စာအုပ်စာပေများ လှူဒါန်းရခြင်း၏ အကျိုးကျေးဇူးများကို ရှင်းပြခြင်း၊ ရပ်ရွာပရဟိတအသင်းခေါင်းဆောင် ဦးမျိုးမင်းထိုက်မှ ကျေးဇူတင်စကားပြောကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး အင်အား (၅၄) ဦး တက်ရောက် ခဲ့ကြကြောင်း သိရသည်။

credit : Nan Gyi