မစ်ခီတာယန်နှင့် ကာရစ် လိဂ်ဖလား ဗိုလ်လုပွဲ လွဲချော်မည်

ဖေဖော်ဝါရီ ၂၆ ရက် တနင်္ဂနွေနေ့တွင် ကစားမည့်ဆောက်သမ်တန်နှင့် လိဂ်ဖလားဗိုလ်လုပွဲကို ကွင်းလယ် လူများဖြစ်သော မစ်ခီတာယန်နှင့် မိုက်ကယ်ကာရစ်တို့ လွဲချော်နိုင်သည်ဟု မန်ယူအသင်းနည်းပြ မော်ရင်ဟိုက ပြောသည်။

 

မစ်ခီတာယန်သည် ယူရိုပါ လိဂ် ၃၂ သင်းအဆင့် ဒုတိယအကျော့ပွဲတွင် စိန့်အီတီယန်းကို ၁-၀ ဂိုးဖြင့် နိုင်သောပွဲ၌ ဂိုးသွင်းပြီး မကြာမီတံကောက်ကြော ဒဏ်ရာဖြင့် အနားယူခဲ့ရသည်။ ယင်းပွဲစဉ်မှာပင် မိုက်ကယ်ကာ ရစ်လည်း ခြေသလုံး၌ ဒဏ်ရာရရှိပြီး လူစားလဲခဲ့ရသည်။

‘‘မစ်ခီတာယန်ဟာ ဗိုလ်လုပွဲ အမီ ကြံ့ခိုင်မှုပြည့်မယ်လို့ မထင် ပါဘူး။ သူနဲ့ မိုက်ကယ်နှစ်ယောက် စလုံး အဲဒီပွဲနဲ့ လွဲဖို့များပါတယ်’’ ဟု မော်ရင်ဟိုက ပြောကြားပြီး ဖယ်လိုင်နီနှင့် ရှဝိန်းစတိုင်ဂါတို့ကို အသုံးပြုဖွယ်ရှိသည်ဟု မော်ရင်ဟိုက ပြောသည်။

မန်ယူအသင်းသည် သြဂုတ် က ကွန်မြူနတီဒိုင်းပွဲ၌ လက်စတာကို အနိုင်ရရှိခဲ့သော်လည်း လိဂ်ဖလားဗိုလ်လုပွဲ သည် မော်ရင်ဟိုအတွက် မန်ယူအသင်းနှင့်အတူ ပထမဆုံးအရေးပါသော ဖလားတစ်လုံးရယူနိုင်မည့် အခွင့် အရေး ဖြစ်သည်။

Ref:BBC