လူမုန်းအများဆုံးအသင်းအဖြစ် မန်ယူကို ချယ်လ်ဆီးကျော်တက်

12045245

ပရီးမီးယားလိဂ်တွင် လူ မုန်းအများဆုံးအသင်းအဖြစ် ချယ်လ်ဆီးက မန်ယူကို ကျော်တက်သွားသည်ဟု ဒေးလ်လီးမေရာ သတင်းစာက ပြုလုပ်သော စစ်တမ်းတွင် တွေ့ရှိခဲ့သည်။

၂၀၁၆-၁၇ ဘောလုံးရာသီတွင် ယှဉ်ပြိုင်မည့် ပရီးမီးယားလိဂ် အသင်း ၂၀ မှ ပရိသတ် တစ်သောင်းအား သတင်းစာက နှစ်စဉ်ပြုလုပ်သော စစ်တမ်း ကောက်ယူခဲ့ခြင်းဖြစ်ပြီး မန်ယူ သည် ပထမဆုံးအကြိမ် ထိပ်ဆုံးနေရာမှ ဖယ်ပေး လိုက်ရသည်။

လူမုန်းအများဆုံး အသင်း တတိယနေရာ၌ လီဗာပူး၊ စတုတ္ထ မန်စီးတီးနှင့် အာဆင်နယ်က  ပဉ္စမနေရာ ရရှိခဲ့သည်။

၎င်းတို့ အကြိုက်ဆုံးနှင့် အမုန်းဆုံး ကလပ်အသင်းများကို မေးမြန်းခဲ့ရာ ပရိသတ်များက ဘုန်းမောက်၊ လက်စတာ၊ ဘန်လေ၊ ၀က်ဖို့ဒ်နှင့် ဆောက်သမ်တန်တို့အား မုန်းတီးမှု အနည်းဆုံး အသင်းများအဖြစ် ရွေးချယ်ခဲ့သည်။

 ခွဲခြမ်းစိတ်ဖြာကြည့်ပါက ချယ်လ်ဆီးကို စပါးပရိသတ်များက အမုန်းဆုံးဖြစ်ကာ ချယ်လ်ဆီး ပရိသတ်များက အာဆင်နယ် ကို အမုန်းဆုံးဖြစ်နေသည်။

—Ref: Goal


Leave a Reply