ဗဟိုကော်မတီဝင်နှင့်အဖွဲ့ ခရိုင်/မြို့နယ်/ရပ်ကျေးပါတီအဖွဲ့များဖြင့် တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ပြည်နယ် ပါတီကော်မတီဝင် ဒေါ်တင်မေထွန်းသည် ဒီဇင်ဘာ (၂၀) ရက် နံနက် (၈) နာရီအချိန်က တာချီလိတ်ခရိုင်ပါတီဥက္ကဋ္ဌ ဦးဘိုစံ၊ ခရိုင်အတွင်းရေးမှူး ဦးချမ်းမြ နှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ဥက္ကဋ္ဌ ဦးစိုင်းရွှေထွန်း၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးစိုင်းလုံနှင့် မြို့နယ် ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာပါတီ ခေါင်းဆောင်များနှင့် ပါတီအမျိုးသမီးအဖွဲ့များ စုစုပေါင်း အင်အား (၇၀) ဦးနှင့် တွေ့ဆုံ၍ လက်ရှိ ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည် လုပ်ငန်းများကို ညှိနှိုင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ရှေးဦးစွာ ပြည်နယ်ကော်မတီဝင် ဒေါ်တင်မေထွန်းသည် ခရိုင်/မြို့နယ် ရပ်ကွက်ရှိ ပါတီအမျိုးသမီးများနှင့် တွေ့ဆုံ၍ ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်မှ အမျိုးသမီးရေးရာလုပ်ငန်းများအပေါ် လမ်းညွှန်ချက်များကို အသေးစိပ် ရှင်းလင်းပြီး ပါတီအမျိုးသမီးအဖွဲ့ တိုး၍ဖွဲ့စည်းသွားရေးနှင့် ရှေ့လုပ်ငန်းစဉ် ကိစ္စများအား အမျိုးသမီးအဖွဲ့ဖြင့် ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။

ထို့နောက် ဆက်လက်၍ ခရိုင်/မြို့နယ်/ရပ်ကျေးပါတီ ညှိနှိုင်းအစည်းအဝေးကို နံနက်(၉)နာရီမှ (၁၁)အထိ ပြုလုပ်ခဲ့ပြီး ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ် ပါတီကော်မတီဝင် ဒေါ်တင်မေထွန်းမှ ပြည်ခိုင်ဖြိုးလူငယ်ဘောလုံး အသင်း အတွက် အလှူငွေဘတ်(၅၀၀၀)ကို လှူဒါန်းခဲ့ပြီး တက်ရောက်လာသော ပါတီအဖွဲ့များ၊ ဖိတ်ကြားထား သော ဧည့်သည်တော်များအား ၂၀၁၇ ခုနှစ် နှစ်သစ်ကူး ခရစ်စ္စမတ် နေ့လည်စာကို ဧည့်ခံကျွေးမွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

# Myo Thant


Leave a Reply