အချိန်တိုအတွင်း ဆောက်လုပ်ပြီးစီးနိုင်မည့် တန်ဖိုးသင့်လူနေ အိမ် “ခေါက်အိမ်” များကို ပြည်တွင်းဈေးကွက်တွင် ဖြန့်မည်၏

အချိန်တိုအတွင်း ဆောက်လုပ်ပြီးစီးနိုင်မည့် တန်ဖိုးသင့်လူနေအိမ် “ခေါက်အိမ်” များကို ပြည်တွင်းဈေးကွက်တွင် Customer ကုမ္ပဏီမှ ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ တန်ဖိုးသင့် “ခေါက်အိမ်” များကို တရုတ်နိုင်ငံမှ မှာယူတင်သွင်းခြင်းဖြစ်ပြီး အိမ်ရာပိုင်ဆိုင်ခြင်း မရှိ သေးသော Customer များအတွက် ရည်ရွယ်၍ ဈေးကွက်အတွင်း ဖြန့်ဖြူးခြင်း ဖြစ်ကြောင်း သိရသည်။

 

Treasure Triangle ကုမ္ပဏီ မှ ဒါရိုက်တာဖြစ်သူ ဦးကျော်ထူးအောင်က “အဓိကကတော့ ကျွန်တော်တို့ ပြည်တွင်း မှာရှိတဲ့ အိမ်ရာမပိုင်ဆိုင်သေးတဲ့သူတွေအတွက် တန်ဖိုးနည်းနည်းနဲ့ ခိုင်ခန့်ပြီးတော့ အချိန်တိုအတွင်း ဆောက် လုပ်ပြီးစီးနိုင်မယ့် အိမ်တွေကို ပိုင်ဆိုင်စေဖို့အတွက် ကူညီဖြေရှင်းပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ တရုတ်နိုင်ငံကနေ တင်သွင်းပြီးတော့ ပြည်တွင်း ဈေးကွက်ထဲမှာ ဖြန့်ဖြူးပေးတာပါ” ဟု ဒီဇင်ဘာ ၂၁ ရက်က ပြုလုပ်သော တန်ဖိုးနည်း ခေါက်အိမ်အရောင်းပြခန်း ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

အဆိုပါ “ခေါက်အိမ်” တစ်လုံးလျှင် မြန်မာငွေ ကျပ်သိန်း ၅၀ ပေးချေရမည်ဖြစ်ပြီး ၂၀၁၆-၂၀၁၇ ခုနှစ်အတွက် ထုတ်ကုန်အသစ်များဖြစ်ကြောင်း သိရသည်။ အိမ်တစ်လုံး၏ အကျယ်အ၀န်း မှာ ၈’-၂”×၁၉’×၈’-၆” ဖြစ်ကြောင်း သိရသည်။ ယင်းအပြင် အဆိုပါ “ခေါက်အိမ်” များသည် ၁၀ မိနစ်အတွင်း တည်ဆောက်နိုင်၊ ဖြုတ်နိုင်ပြီး ရာသီဥတုဒဏ်ကို အနှစ် ၂၀ သက်တမ်းအထိ ခံနိုင်သည်။

ဦးကျော်ထူးအောင်က “ကျွန်တော်တို့ရဲ့ ဒီခေါက်အိမ်တွေက Steel Structure အမျိုးအစားတွေ ဖြစ်ပြီးတော့ အမိုးနဲ့အကာတွေကလည်း အပူဒဏ်ကို သက်သာစေပြီး ငလျင်ဒဏ်ခံနိုင်မှုနဲ့ လေတိုက်နှုန်း ဒဏ်ခံနိုင်မှုတွေကို တွက်ချက်ပြီးတော့ ဒီဇိုင်းပြုလုပ်ထားတာပါ” ဟု ဆက်လက်ပြောသည်။ အဆိုပါ “ခေါက်အိမ်” များကို Treasure Triangle ကုမ္ပဏီမှ တစ်ဦးတည်းကိုယ်စားလှယ်အဖြစ် တရုတ်နိုင်ငံမှ တင်သွင်းခြင်းဖြစ်ကြောင်း သိရသည်။

#Democracytoday


Leave a Reply