ဘိုကလေးမြို့နယ်ပါတီဥက္ကဋ္ဌနှင့်အဖွဲ့ အမာခံပါတီဝင်များအား တွေ့ဆုံမှာကြား

 

ဘိုကလေးမြို့နယ်ပါတီဥက္ကဌ ဦးမြသိန်း၊ အတွင်းရေးမှူး ဦးလှဌေး၊ နယ်မြေ(၃)တာဝန်ခံ အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်တိုးတိုးလှိုင်၊ အလုပ်သမားရေးရာ တာဝန်ခံ ဦးခင်ဝင်း၊ မီဒီယာကဏ္ဍတာဝန်ခံ ဒေါ်မေသန်းဦး တို့သည် ဒီဇင်ဘာ (၂၀) ရက် နေ့က မြင်းကကုန်းကျေးရွာပါတီအမာခံများနှင့် တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲ၌ ပါတီဥက္ကဌမှ မိမိတိုပါတီအနေဖြင့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ကို စတင်ဖော်ဆောင်ပေး ခဲ့ကြောင်း၊ အမျိုးသားရေးကို ဦးစားပေးဆောင်ရွက်နေကြောင်း၊ လက်ရှိနိုင်ငံရေး၊ စီးပွားရေး၊ ပြည်သူများ လုံခြုံရေးကို မိမိပါတီအမာခံများအနေဖြင့် အထူးအလေးထား မျက်ခြေမပြတ် စောင့်ကြည့်ကူညီ ဆောင်ရွက် ကြရန်နှင့် မိမိပါတီဝင်များအနေဖြင့် မည်သူ့ကိုမျှ မပြစ်မပြောပဲ ပြည်သူအတွက်လုပ်ဆောင်ရမည့် လုပ်ငန်းများ ကိုသာ တစိုက်မတ်မတ် ဆောင်ရွက်သွားကြရန်လိုကြောင်း ဆွေးနေင်္ွး ပြောကြားခဲ့သည်။

Bogalay usdp


Leave a Reply