စစ်တွေခရိုင်ပါတီ မျက်နှာစုံညီအစည်းအဝေးကျင်းပ

စစ်တွေခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်းအဝေးကို ဇူလိုင်လ (၂၁) ရက် နံနက် (၁၁) နာရီ (၄၅) မိနစ်အချိန်တွင် ပြည်နယ်ပါတီရုံး အောက်ထပ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး သဘာပတိအဖြစ် ပြည်နယ်အတွင်းရေးမှူး ဒေါက်တာစန်းရွှေမှ ပြုလုပ်ခဲ့ပြီး စစ်တွေခရိုင်အတွင်းရှိ မြို့နယ်များမှ စုစုပေါင်း အင်အား (၄၀) ကျောက် တက်ရောက်ခဲ့ကြသည်။

Sittway4

ဆက်လက်၍ သဘာပတိမှ အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပါတီဥက္ကဋ္ဌမှ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာအား ဖတ်ကြားခြင်း၊ ခရိုင်ကော်မတီဝင်တစ်ဦးမှ အစုအဖွဲ့ စာတမ်းဖတ်ကြားခြင်းနှင့် သဘာပတိမှ ပြန်လည်ရှင်းလင်း ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပြီး ခရိုင်ပါတီကော်မတီဟောင်းများမှ နှုတ်ထွက်ခဲ့ပြီး ခရိုင်ကော်မတီ အသစ်နှင့် အရန်ကော်မတီသစ်များမှ အဆိုတင်သွားခဲ့ကြသည်။

သဘာပတိအဖွဲ့မှ ဆန္ဒမဲရယူရွေးချယ်ခဲ့ရာ စစ်တွေခရိုင်ပါတီဥက္ကဋ္ဌအဖြစ် ဦးကျော်စိုး၊ အတွင်းရေးမှူး အဖြစ် ဒေါ်မြမြအေး၊ ဘဏ္ဍာရေးမှူးအဖြစ် ဦးကျော်စိန်အား ရွေးချယ်တင်မြှောက်ပေးခဲ့ကြပြီး ခရိုင် ပါတီကော်မတီဝင်နှင့် အရန်ကော်မတီဝင်များအား တာဝန်ပေးအပ်နှင်းခဲ့ပြီး ကော်မတီဝင်များမှ ကတိသစ္စာပြုခြင်းနှင့် သဘာပတိမှ နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို နေ့လည် (၂) နာရီအချိန်တွင် ကြွေးကြော်သံများဖြင့် အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။

သန်းမောင်


Leave a Reply