မြိတ်မြို့နယ်ပါတီဥက္ကဌနှင့်အဖွဲ့ သင်္ကန်းနှင့် ဆရာတော် သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်​​ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးမိုးမြင့်၊ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးကိုကိုကြီးနှင့် ပါတီကော်မတီဝင်များ၊ ရပ်ကွက်ပါတီဝင်များလိုက်ပါလျက် အောက်တိုဘာလ (၉)ရက် နံနက်ပိုင်းတွင် မြိတ်မြို့နယ်၊ ပသောင်းကျေးရွာအုပ်စု၊ တောင်ပုလဲရွာ ဘုန်းတော်ကြီးကျောင်းတွင် ပါတီဝင်မိသားစုတို့၏ ဥပုဒ်ဆွမ်းဆက်ကပ်လှူဒါန်းပွဲသို့ သွားရောက်ကာ ကျောင်းတိုက်ရှိ ဆရာတော် သံဃာတော် များထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြသည်။

14520586_309265349455660_3272433117045582544_n

ထို့နောက် မြို့နယ်ပါတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ရှေးဟောင်းသမိုင်းဝင် လောကသရဖူဘုရားတည်ရှိရာ ရွှေရင်းတောင်ဘုရားကုန်းတော်ပေါ်သို့ ရောက်ရှိပြီး ဘုရားကြီး အား ဖူးမျှော်ကြည်ညိုကာ အလှူငွေများ ထည့်ဝင် လှူဒါန်း၍ တောင်ပုလဲကျေးရွာနှင့် ကျောက်ဖြူတောင်ကျေးရွာများရှိ ပါတီဝင်မိသားစုများနှင့် ရင်းရင်း နှီးနှီး တွေ့ဆုံခဲ့ကြောင်း သိရသည်။

# ကျော်လင်း


Leave a Reply