မိုးညှင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ (၆၉) နှစ်မြောက် အာဇာနည်နေ့အခမ်းအနား တက်ရောက်ဂုဏ်ပြု

 Ko Aung2

(၆၉) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ဇူလိုင်လ (၁၉) ရက် နံနက် (၉) နာရီခွဲတွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့ မြို့တော်ခန်းမရှေ့၌ ကျင်းပရာ မိုးညှင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကော်မတီဝင် များဖြစ်ကြသော ဦးလမိုင်၊ ဦးကြည်စိုး၊ ဦးတင်ညွန့်၊ ဦးအောင်မိုး၊ ဦးခိုင်ဇော်ထွန်း၊ ဒေါ်နှင်းနှင်းထွေးနှင့် ပါတီဝင်များ၊ လူငယ်ကေဒါများ၊ ပါတီအမျိုးသမီးရေးရာ အဖွဲ့ဝင်များအပါအ၀င် အင်အား (၂၀) ကျော်ခန့် တက်ရောက်၍ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား လွမ်းသူ့ပန်းခွေချ ဂုဏ်ပြု အလေးပြုခဲ့ကြကြောင်း သိရှိရသည်။

Credit – Ko Aung

 


Leave a Reply