Winner ဆုနဲ့အတူ မြန်မာနိုင်ငံ ပြန်လည်ရောက်ရှိလာတဲ့ ဥက္ကာမင်းမောင်

Mister Tourism World 2016 ပြိုင်ပွဲမှာ Winner ဆုနဲ့အတူ Title ဆုတွေပါ ရရှိခဲ့တဲ့ ဥက္ကာမင်းမောင်ကတော့ မြန်မာနိုင်ငံ ကို ပြန်လည်ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ပရိသတ်တွေ အတွက် သူကြိုးစားခဲ့တဲ့ ကြိုးစားမှုဟာ အရာထင်သွားခဲ့ပါပြီ။

 

ဒီဇင်ဘာ(၁၃)ရက်နေ့ ညက  Winner ဆုနဲ့အတူ မြန်မာနိုင်ငံကို ဂုဏ်ယူစွာ ပြန်လာခဲ့တဲ့ သူ့ကို ပရိသတ်များ မီဒီယာတွေများကလည်း သွားရောက် ကြိုဆိုခဲ့ကြပါတယ်။ ဥက္ကာမင်းမောင်ဟာ Miss Tourism World 2016 ပြိုင်ပွဲမှာ Winner ဆုတွေအပြင် Best In Tourism Speaker၊  Social Media Icon နဲ့ Best in Style and Fashion စတဲ့ Title ဆုများကိုလည်း ဆွတ်ခူးရရှိခဲ့ပါတယ်။

သူ့အနေနဲ့လည်း Mister Tourism World organization ရဲ့ ပေးအပ်မယ့် တာဝန်တွေအရ စပိန်၊ အီတလီ၊ ဥရောပတစ်ခွင်၊ ပီရူး၊ အာဂျင်တီးနား၊ တောင်အမေရိက တစ်ခွင်၊ ဒူဘိုင်း၊ အာဖရိက၊ အာရှတစ်ခွင် tourism ambassador အနေနဲ့ ခရီးတွေ ထွက်ပြီး လူမှုရေးတွေလုပ်ရမှာ ဖြစ်သလို နောက်နှစ်မှာ ပြိုင်မယ့် နိုင်ငံတွေက ကိုယ်စားပြု ရွေးချယ်ပွဲတွေဆီသွားပြီး ဒိုင်လုပ်ပေးရမှာ ဖြစ်တယ်လို့ သိရပါတယ်။

Photo : Popular News


Leave a Reply