သမ္မတရာထူး သက်တမ်း ကန့်သတ်ချက်ကို တရုတ်ပယ်ဖျက်

အမျိုးသား ပြည်သူ့ညီလာခံတွင် မဲပေး ဆုံးဖြတ်ချက်အရ သမ္မတသက်တမ်း ကန့်သတ်ချက်ကို ပယ်ဖျက်လိုက်ပြီ ဖြစ်သောကြောင့် တရုတ်သမ္မတ စီကျင်းပင် အနေဖြင့် လက်ရှိ ရာထူးကို နှစ်ပေါင်းများစွာ ဆက်လက် ချုပ်ကိုင်နိုင်ခွင့် ရရှိသွားပြီ ဖြစ်သည်။

မြောက်ကိုရီးယား ပိတ်ဆို့အရေးယူမှု ဖိအားအောက်ရောက်နေတယ်လို့ ကန်ထောက်လှမ်းရေးပြော

Photo: KRT via AP Video

မြောက်ကိုရီးယားဟာ အမေရိကန် ဦးဆောင်တဲ့ နိုင်ငံတကာ ပိတ်ဆို့အရေးယူထံထားရတဲ့ ဖိအားအောက်ကို ရောက်ရှိနေပြီလို့ အမေရိကန် သမ္မတ Donald Trump ရဲ့ ထောက်လှမ်းရေး အကြီးအကဲက ပြောလိုက်ပါတယ်။

အသံထက်မြန်သော ဒုံးပျံကို ရုရှားတို့ အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်

မော်စကို၊ ရုရှား၊ မတ် ၁၂

ယခုလအတွင်း ရုရှားစစ်တပ်၏ မျိုးဆက်သစ်လက်နက်များအကြောင်းကို သမ္မတဗလာဒီမာပူတင်က ဖွင့်ဟ ပြောဆိုခဲ့ချိန်တွင် သူ၏အကြိုက်တကာ့အကြိုက်ဆုံးဟု ထုတ်ဖော်ပြောကြားထားသော အသံထက်မြန်သည့် ဒုံးပျံကို တနင်္ဂနွေနေ့က အောင်မြင်စွာပစ်လွှတ်စမ်းသပ်နိုင်ခဲ့ကြောင်း ရုရှားစစ်တပ်က ကြေညာခဲ့သည်။

ပစ်မှတ်ကို ကွက်တိပစ်လွှတ်နိုင်သော Kinzhal အမည်ရှိယင်းဒုံးပျံအား တောင်ပိုင်းစစ်ဌာနချုပ်မှ ထွက်ခွာသွား သည့် အသံထက်မြန်သော MiG-31 ကြားဖြတ်တိုက်လေယာဉ်ပျံပေါ်မှ ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း ရုရှား ကာကွယ်ရေး ၀န်ကြီးဌာနက ဆိုခဲ့သည်။

အမွေဆက်ခံခွင့် တန်းတူညီမျှရေး တူနီးရှားအမျိုးသမီးများ ချီတက်ဆန္ဒပြ

တူးနစ်မြို့တွင် အမျိုးသမီးများအတွက် တန်းတူအမွေဆက်ခံခွင့် တောင်းဆိုဆန္ဒပြနေသူများ ချီတက်နေစဉ် (Zoubeir Souissi/reuters)

 

အမျိုးသားများနည်းတူ အမွေဆက်ခံခွင့် တန်းတူညီမျှရေး တောင်းဆိုရန် ရာနှင့်ချီသော တူနီးရှားအမျိုးသမီးများ သည် မတ်လ ၁၀ ရက်က မြို့တော်တူးနစ်တွင် လမ်းပေါ်ထွက် ချီတက်ဆန္ဒ ပြခဲ့သည်။

တောင်ကိုရီးယား၏ ညှိနှိုင်းမှုဖြင့် ထရမ့်နှင့် ကင်မ်ဂျုံအန်း တွေ့ဆုံရန် သဘောတူ

တောင်ကိုရီးယား၏ ကြားဝင် ညှိနှိုင်းမှုဖြင့် အမေရိကန်နှင့် မြောက်ကိုရီးယား ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးရန် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။

မြောက်ကိုရီးယားတွင် နိုင်ငံခေါင်းဆောင် ကင်မ်ဂျုံအန်းနှင့် သွားရောက် တွေ့ဆုံခဲ့သည့် တောင်ကိုရီးယား ကိုယ်စားလှယ် အဖွဲ့သည် မတ် ၈ ရက် ညပိုင်းက ဝါရှင်တန်၌ ထရမ့်ဦးဆောင်သော အမေရိကန် အရာရှိများနှင့် ဆွေးနွေးခဲ့ကြသည်။

မလေးရှားရှိ ငလျင်လှုပ်ခတ်ရာ တောင်ထိပ်မှ တောင်တက်သမားများကို အောင်မြင်စွာ ကယ်ဆယ်

မလေးရှား နိုင်ငံတွင် ရစ်ခ်ျတာစကေး ၅.၂ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားပြီးနောက် အဆိုပါ ဒေသရှိ တောင်တက်သမားများကို ရွှေ့ပြောင်း ကယ်ဆယ်ပေးခဲ့ရကြောင်း သိရသည်။

မတ်လ ၈ ရက်က ဆာဘားတွင် ငလျင်လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်များပါ ဆက်တိုက် ဖြစ်ပေါ်လျက် ရှိသည်။ ငလျင်လှုပ်သည့် ဧရိယာတွင် တောင်တက်သမားများကြား ရေပန်းစားသည့် ကီနာဘာလူ တောင်ထိပ်လည်း ရှိနေရာ ထိုနေရာတွင် အရေးပေါ် ရွှေ့ပြောင်းမှုများ ပြုလုပ်ခဲ့ရသည်။

မြောက်ကိုရီးယားအရေး ဆွေးနွေးမှု ကြာဦးမည်ဟု ကန်ဝန်ကြီး ပြော

အမေရိကန်ပြည်ထောင်စုအနေနဲ့ မြောက်ကိုရီးယားနဲ့ နျူးကလီးယားလျော့ချရေး ဆွေးနွေးရေးကိစ္စဟာ အကောင်အထည်ပေါ်ပေါက်လာဖို့အတွက် ကာလရှည်ကြာပါဦးမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက် တေလာဆင်က ပြောပါတယ်။

ပထမဆုံးအကြိမ် အာဖရိကခရီးစဉ်အတွင်း အိသီယိုးပီးယားနိုင်ငံကို ရောက်ရှိစဉ်မှာ ပြောဆိုခဲ့တာပါ။

မြောက်ကိုရီးယားဘက်က ပြသနေတဲ့ အရိပ်လက္ခဏာတွေဟာ အပြုသဘောဆောင်ပေမယ့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းအစိုးရနဲ့ ဆွေးနွေးညှိနှိုင်းရေးကိစ္စဟာ လောလောဆယ် ဖြစ်လာဦးမှာ မဟုတ်သေးဘူး လို့လည်း ပြောပါတယ်။

ရွေးကောက်ပွဲကတိကို ဖြည့်ဆည်းပြီး သံမဏိနှင့် အလူမီနီယံ သွင်းကုန်ခွန်အား ဒေါ်နယ်ထရမ့် ပြဋ္ဌာန်း

အမေရိကန်နိုင်ငံမှာ သံမဏိနဲ့ အလျူမီနီယမ်တွေအပေါ် တင်းကြပ်စွာ အခွန် ကောက်ခံရေး နဲ့ ပတ်သက်လို့ အငြင်းပွားစရာ ဖြစ်နေတဲ့ အစီအစဉ်တွေကို သမ္မတ ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သမ္မတ ထရမ့်က အမေရိကန်ဟာ မမျှတတဲ့ ကုန်သွယ်မှု ဒဏ်တွေကို ရင်ဆိုင်နေရပြီး အခုလို အခွန်စည်းကြပ်မှုကြောင့် အမေရိကန်ရဲ့ စက်မှုလုပ်ငန်းကို တိုးတက်လာစေမယ်လို့ ဆိုပါတယ်။

လူမျိုးရေး ပဋိပက္ခများကို ထိန်းသိမ်းရန်အတွက် တပ်အင်အား ပိုမိုအသုံးပြုသွားမည်ဟု သီရိလင်္ကာ အစိုးရဆို

လူမျိုးရေး ပဋိပက္ခ ပြဿနာများကို ထိန်းသိမ်းရန်အတွက် တပ်အင်အား ပိုမို အသုံးပြုသွားမည်ဟု သီရိလင်္ကာ အစိုးရက အတည်ပြု ပြောကြားခဲ့သည်။

သီရိလင်္ကာ အလယ်ပိုင်းရှိ ကန်ဒီမြို့တွင် ဒေသခံ ဆင်ဟာလိစ် တိုင်းရင်းသားများနှင့် မွတ်ဆလင် အသိုက်အဝန်းကြား ပဋိပက္ခများ ဖြစ်ပွားရာမှ အဓိကရုဏ်းဆန်သည့် အခြေအနေများ ကူးစက်လာသည့်နောက် အစိုးရက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ယခုသီတင်းပတ်တွင် အရေးပေါ် အခြေအနေ ထုတ်ပြန် ကြေညာခဲ့သည်။

ကိုရီးယားနှစ်နိုင်ငံ ထိပ်သီးစည်းဝေးပွဲအား တရုတ်အစိုးရကြိုဆို

ပေကျင်း၊ တရုတ်၊ မတ် ၈

နှစ်နိုင်ငံကြား ထိပ်သီးစည်းဝေးပွဲကျင်းပရန် တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားတို့ သဘောတူညီမှုရရှိခဲ့ သည့်အပေါ် တရုတ်အစိုးရက   နွေးထွေးစွာကြိုဆိုကြောင်း ဗုဒ္ဓဟူးနေ့က ပြောဆိုခဲ့ပြီး “ကျုပ်တို့အနေနဲ့ သူတို့ကို ကောင်းချီးသြဘာပေးပါတယ်” ဟု အလေးအနက်ပြောဆိုခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင်ကြီး ကင်မ်ဂျုံအမ်းနှင့် တောင်ကိုရီးယားသမ္မတ မွန်းဂျေးအင်တို့သည် လာမည့် ဧပြီလအနှောင်းပိုင်းတွင် တွေ့ဆုံဆွေးနွေးသွားဖို့ရှိသည်ဟု ဆိုးလ်အစိုးရကကြေညာချက်ထုတ်ပြန်ခဲ့အပြီးတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဂန်ရွှမ်က ယခုလိုပြောဆိုခဲ့ခြင်းဖြစ်သည်။