မမှန်သတင်း ဖြန့်ချိမှုအတွက် မလေးရှား ဥပဒေ အမေရိကန် မထောက်ခံ

မလေးရှားပါလီမန်က မမှန်သတင်း ဖြန့်ချိမှုနဲ့ပတ်သက်ပြီး ထောင်ဒဏ် ၆-နှစ်အထိ ချမှတ်နိုင်ခွင့် ဥပဒေကို အတည်ပြုလိုက်တာနဲ့ ပတ်သက်ပြီး စိုးရိမ်မိတယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

တနင်္လာနေ့က အတည်ပြုလိုက်တဲ့ဥပဒေမှာ မမှန်သတင်းဖြန့်သူကို အမေရိကန် ဒေါ်လာ တသိန်း၂သောင်း ၃ထောင်နဲ့ ညီမျှတဲ့ မလေးရှားရင်းဂျစ် ဒါဏ်ငွေ ၅သိန်း နဲ့ ထောင်ဒါဏ် အများဆုံး ၆-နှစ်ကျခံစေရမယ်လို့ အတည်ပြုခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင် Facebook မှ တဆင့် လူမျိုးရေး မုန်းတီးမှုများ ပိုမိုပျံ့နှံ့နေဟု ဇူကာဘက်ဂ်ဝန်ခံ

မြန်မာနိုင်ငံတွင် လူမျိုးရေး မုန်းတီးမှု ပြဿနာများ ပိုမိုကြီးထွားအောင် အရှိန်မြှင့်ပေးသည့် အခန်းကဏ္ဍမျိုး၌ Facebook ပါဝင်နေကြောင်း ကုမ္ပဏီ ထူထောင်သူ မတ်ခ်ဇူကာဘက်ဂ်က ဝန်ခံ ပြောကြားခဲ့သည်။

ဧပြီ ၂ ရက်က Voxနှင့် အင်တာဗျူးခဲ့သည့် အစီအစဉ်တွင် အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံ၌ အမုန်းစကား ဝါဒဖြန့်မှုများနှင့် ပတ်သက်၍ Facebookကို တွင်ကျယ်စွာ အသုံးချနေမှုများ ရှိနေကြောင်း ဇူကာဘက်ဂ်က မှတ်ချက်ပေးခဲ့သည်။

ဖိလစ်ပိုင်မှာ ၂၀၁၆ ဒုတိယသမ္မတ ရွေးကောက်ပွဲက မဲတွေ ပြန်လည် ရေတွက်

ဖိလစ်ပိုင်နိုင်ငံမှာ လွှတ်တော်အမတ် ဖာဒီနန်ဘွန်ဘွန်းမားကို့စ်က လက်ရှိ ဒုတိယသမ္မတ မာရီယာဘရီဒိုဟာ မဲ လိမ်ခဲ့တယ်လို့ စွပ်စွဲခဲ့လို့ ၂၀၁၆ ဒုတိယသမ္မတ ရွေးကောက်ပွဲက မဲတွေ မနေ့က ပြန်လည် စတင် ရေတွက်ခဲ့ပါတယ်။

အီလက်ထရောနစ် မဲပေးစနစ်က အချက်အလက်တွေကို ဆာဗာထဲ ဝင်ရောက်ပြီး ခြယ်လှယ်ခဲ့တယ်လို့ မားကို့စ်က စွပ်စွဲခဲ့တာပါ။

အီဂျစ်သမ္မတ စီစီ မဲ ၉၇ ရာခိုင်နှုန်းဖြင့် ပြန်လည်ရွေးကောက်ခံရ

ကိုင်ရို၊ ဧပြီ ၃

အီဂျစ်နိုင်ငံ၏ လက်ရှိသမ္မတသည် ရွေးကောက်ပွဲတွင်  သောင်ပြိုကမ်းပြိုအနိုင်ရကာ  မဲရလဒ် ၉၇ ဒဿမ ၀၈ ရာခိုင်နှုန်းဖြင့် ပြန်လည်အရွေးခံရကြောင်း ဧပြီ ၂ ရက်က အမျိုးသားေ ရွးကောက်ပွဲအာဏာပိုင်အဖွဲ့ NEZ က ကြေညာသည်။

ထရမ့်ကို တုံ့ပြန်သည့် အနေဖြင့် အမေရိကန် သွင်းကုန်များအပေါ် တရုတ် အခွန်စည်းကြပ်မှု မြှင့်တင်

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တုံ့ပြန်သည့် အနေဖြင့် အမေရိကန် သွင်းကုန် အချို့အပေါ် တရုတ်က အခွန်စည်းကြပ်မှုများ မြှင့်တင် သတ်မှတ်ခဲ့ကြောင်း သိရသည်။ 

အမေရိကန် စားသောက်ကုန် အများစု ပါဝင်သည့် ကုန်ပစ္စည်း ၁၂၈ မျိုးအတွက် အခွန်စည်းကြပ်မှုကို ၂၅ ရာခိုင်နှုန်း မြှင့်တင်သွားမည်ဟု တရုတ် အကောက်ခွန် အာဏာပိုင်များက အတည်ပြုခဲ့သည်။ အမေရိကန် သမ္မတ ထရမ့်က မတ်လအတွင်းတွင် သံမဏိနှင့် အလျူမီနီယမ် တင်သွင်းမှုများအတွက် အခွန်စည်းကြပ်မှုကို မြှင့်တင် သတမှတ်လိုက်သည့်နောက် တရုတ်က ယခုလို လက်တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။

ကင်ဆာပျောက်ဆေး လူ ၃ သောင်းခန့် လာရောက်တောင်းဆို၍ လမ်းပိတ်ဆို့

ထိုင်းနိုင်ငံအလယ်ပိုင်း ပရကျင်းပူရီခရိုင် ဘန်တေချမြို့နယ်ထဲမှာ မော်ဆိုင်လို့ခေါ်တဲ့ ဆေးဆရာတဦးဆီက ကင်ဆာပျောက်ဆေး အလကား ပေးနေတာ နာမည်ကြီးနေပြီး ဧပြီ ၁ ရက်နေ့က ကင်ဆာရောဂါရှင် ၃ သောင်း လောက် လာရောက်တောင်းဆိုခဲ့ကြတာကြောင့် လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့ပါတယ်။

ဆေးမြစ်တွေကနေ ကင်ဆာပျောက်ဆေးဖော်စပ်တဲ့ ဆေးဆရာ မော်ဆိုင်ရဲ့ အိမ်အပြင်ဘက်မှာ လူတန်းကြီးက သန်းခေါင်ကျော် ၅ မိနစ်ကျော်ပြီးကတည်းက စတန်းစီခဲ့တာတာကြောင့် ၂ ကီလိုမီတာအရှည် လမ်းပိတ်ဆို့မှု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ကတ်ရှ်မီးယားဒေသ၌ အကြမ်းဖက်ဖြစ်စဉ်များကြောင့် လူ ၁၂ ဦးသေဆုံး

ဆရင်နာဂါ၊ အိန္ဒိယ၊ ဧပြီ ၂

အိန္ဒိယအစိုးရအုပ်ချုပ်ရာ ကတ်ရှ်မီးယားဒေသအတွင်း၌ ဆန္ဒပြပွဲများပြုလုပ်နေစဉ် အကြမ်းဖက်ဖြစ်စဉ် အများ အပြား ဖြစ်ပွားခဲ့သောကြောင့် သောင်းကျန်းသူ ၈ ဦးထက်မနည်းအပါအ၀င် စစ်သား ၂ဦးနှင့် အရပ်သား ၂ ဦး တို့ သေဆုံးသွားခဲ့ကာ လူအများအပြားဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက တနင်္ဂနွေနေ့တွင် သတင်း ထုတ်ပြန်ခဲ့သည်။

အမေရိကန်နဲ့ တောင်ကိုရီးယား ပုံမှန်စစ်ရေးလေ့ကျင့်မှု ပြန်စ

မြောက်ကိုရီးယားနဲ့ သံရေးတမန်ရေးဆိုင်ရာ ပြဿနာတွေ ပြေလျော့လာနေချိန်အတွင်း အမေရိကန်နဲ့ တောင်ကိုရီးယားတို့ တနင်္ဂနွေနေ့က ပုံမှန်ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေ ပြန်လည် စတင်ခဲ့ကြပါတယ်။

အမေရိကန်စစ်သည် တသောင်းတထောင်ကျော်နဲ့ တောင်ကိုရီးယားစစ်သား သုံးသိန်းနီးပါး ပါဝင်လေ့ကျင့်ကြမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီနှစ်မှာ ပြီးခဲ့သောနှစ်တွေတုန်းကလို အမေရိကန် လေယာဉ်တင်သင်္ဘောကြီးတွေ၊ နျူကလီးယား ရေငုပ်သင်္ဘောကြီးတွေ မပါဝင်ဘူးလို့လည်းသိရပြီး၊ လေ့ကျင့်ချိန်ကလည်း ခါတိုင်းလို သီတင်းရှစ်ပတ်နီးပါး မဟုတ်ဘဲ၊ သီတင်း လေးပတ်သာ ကြာမှာဖြစ်ပါတယ်။

အမှုအခင်းများစွာ ကူညီဖြေရှင်းပေးခဲ့တဲ့ မှုခင်းပုံတူဆွဲပညာရှင် အမျိုးသမီး

အမှုအခင်းတွေမှာ မျက်မြင်သက်သေတွေရဲ့ထွက်ဆိုချက်တွေကို မှတ်သားရင်း ပုံဖော်ရေးဆွဲရတဲ့ အလုပ်ဟာ လွယ်မယောင်နဲ့ ခက်ခဲပါတယ်။ အခုခေတ်မှာ အလိုလျောက်ရေးဆွဲပုံဖော်နိုင်တဲ့ နည်းပညာများစွာ ပေါ်ပေါက် လာနေပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း တချို့သော အသေးစိတ်ပုံဖော်နိုင်မှုစွမ်းရည်တွေဟာ လူသားတွေ လုပ်နိုင်သလို လုပ်နိုင်ဖို့ လိုပါသေးတယ်။ ဒီလို အမှုကိစ္စတွေမှာဆိုရင် လူသားပညာရှင်တွေရဲ့ အကူအညီကို ယူကိုယူရပါတယ်။

တောင်ကိုရီးယား ကေပေါ့ပ် ဖျော်ဖြေပွဲ ကင်ဂျုံအန်းနှင့်ဇနီး ကြည့်ရှု

မြောက်ကိုရီးယားခေါင်းဆောင်နဲ့ ဇနီးတို့ဟာ မြောက်ကိုရီးယားမြို့တော် ပြုံယမ်းမှာ ကျင်းပတဲ့ တောင်ကိုရီးယား ကေပေါ့ပ် အဆိုတော်တွေရဲ့ ဖျော်ဖြေပွဲကို ကြည့်ရှုခဲ့ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ ဇနီး ရိဆောဂျူးတို့ဟာ သူတို့နိုင်ငံကို ပထမဆုံး လာရောက် ဖျော်ဖြေတဲ့ ကေပေါ့ပ် အဆိုတော်တွေရဲ့ ဖျော်ဖြေပွဲကို ရာနဲ့ချီတဲ့ ပရိသတ်နဲ့အတူ ဧပြီ ၁ ရက်နေ့က ကြည့်ရှုခဲ့ပါတယ်။