ဖိလစ်ပိုင်မှာ ၂၀၁၆ ဒုတိယသမ္မတ ရွေးကောက်ပွဲက မဲတွေ ပြန်လည် ရေတွက်

ဖိလစ်ပိုင်နိုင်ငံမှာ လွှတ်တော်အမတ် ဖာဒီနန်ဘွန်ဘွန်းမားကို့စ်က လက်ရှိ ဒုတိယသမ္မတ မာရီယာဘရီဒိုဟာ မဲ လိမ်ခဲ့တယ်လို့ စွပ်စွဲခဲ့လို့ ၂၀၁၆ ဒုတိယသမ္မတ ရွေးကောက်ပွဲက မဲတွေ မနေ့က ပြန်လည် စတင် ရေတွက်ခဲ့ပါတယ်။

အီလက်ထရောနစ် မဲပေးစနစ်က အချက်အလက်တွေကို ဆာဗာထဲ ဝင်ရောက်ပြီး ခြယ်လှယ်ခဲ့တယ်လို့ မားကို့စ်က စွပ်စွဲခဲ့တာပါ။

စွပ်စွဲချက်အရ မနီလာ အယူခံတရားရုံးချုပ် ရုံးတွေမှာ လုံခြုံရေးတင်းကြပ်ထားပြီး ပြည်နယ် သုံးပြည်နယ်က မဲရလဒ်တွေကို ဧပြီ ၆ ရက်အထိ ပြန်လည်ရေတွက်မှာဖြစ်ပါတယ်။

၂၀၁၆ မေလ ရွေးကောက်ပွဲမှာ အမျိုးသမီး ဒုတိယသမ္မတ ရိုဘရီဒို က မားကို့စ် ကို ထောက်ခံမဲ နှစ်သိန်း ခြောက်သောင်းကျော် အသာ နဲ့ အနိုင်ရခဲ့တာပါ။

ဖိလစ်ပိုင်နိုင်ငံမှာ ခြောက်နှစ်တစ်ကြိမ် သမ္မတနှင့် ဒုတိယသမ္မတ ရွေးကောက်ပွဲ ကျင်းပပါတယ်။

-Ref; RFA