ဘဏ်လိမ်လည်မှုနှင့် ပတ်သက်၍ ဘီလျံနာသူဌေး၏ နေအိမ်ကို အိန္ဒိယ တာဝန်ရှိသူများက စီးနင်း

အိန္ဒိယအာဏာပိုင်များသည် နိုင်ငံ၏ဒုတိယအကြီးဆုံး ဘဏ်လိမ်လည်မှုနှင့် ပတ်သက်၍ မွမ်ဘိုင်းမြို့ရှိ စိန်ရွှေရတနာဆိုင်ပိုင်ရှင် ဘီလျံနာသူဌေး နီရတ်မိုဒီ၏ နေအိမ်ကို စီးနင်းကာ တန်ဖိုးကြီး လက်ဝတ်ရတနာ များ၊ နာရီများနှင့် အဖိုးတန်ပန်းချီကားများကို သိမ်းဆည်းခဲ့ကြောင်း သိရသည်။ ရဲတပ်ဖွဲ့နှင့် ဗဟိုစုံစမ်း စစ်ဆေးရေး ဗျူရိုသည် အစောပိုင်းတွင်လည်း မိုဒီ၏နေအိမ်နှင့် လုပ်ငန်းများကို စီးနင်းမှုများ လုပ်ဆောင်၍ တန်ဖိုးကြီး လက်ဝတ်ရတနာများ၊ ဇိမ်ခံကားများနှင့် တန်ဖိုးကြီးနာရီများကို သိမ်းဆည်းပြီး မိုဒီပိုင်ဆိုင်သော လက်ဝတ် ရတနာဆိုင်များကို ချိတ်ပိတ် လိုက်ကြောင်း သိရသည်။

ကိုရီးယားနှစ်နိုင်ငံ ဝန်ကြီးများအဆင့်ဆွေးနွေးပွဲကို ကြာသပတေးနေ့တွင် ကျင်းပရန် သဘောတူ

ဆိုးလ် မတ် ၂၅

တောင်ကိုရီးယားအစိုးရသည် မြောက်ကိုရီးယားနှင့် ဝန်ကြီးများအဆင့် ဆွေးနွေးပွဲကို ကြာသပတေးနေ့တွင် ကျင်းပရန် သဘောတူညီခဲ့ကြောင်း ပြောကြားခဲ့သည်။ တောင်နှင့်မြောက် ကိုရီးယားနှစ် နိုင်ငံထိပ်သီး အစည်းအဝေးပွဲ ကျင်းပရန် စီစဉ်ထားမှုအသေးစိတ်ကို ဝန်ကြီးများအဆင့် တွေ့ဆုံပွဲတွင် ဆွေးနွေးသွားကြမည် ဖြစ်သည်။

ကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်မှုကြောင့် ယူကရိန်းလွှတ်တော်အမတ်တစ်ဦး အဖမ်းခံရ

ယူကရိန်းနိုင်ငံမှလွှတ်တော်အမတ် နာဒီယာဆက်ဗ်ချန်ကိုသည် ကိယဗ်မြို့အတွင်း၌ အကြမ်းဖက်တိုက်ခိုက်မှု ကျူးလွန်ရန်စီမံထားသည်ဆိုသော စွပ်စွဲချက်ဖြင့် ကြာသာပတေးနေ့က ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း အာဏာပိုင်များက ပြောခဲ့သည်။

“အစိုးရရှေ့နေချုပ်က သူမအပေါ်စွဲဆိုချက်ကိုဖတ်ကြားအပြီးမှာ သူမကိုဖမ်းဆီးထိန်းသိမ်းခဲ့တာပါ” ဟု အစိုးရ ရှေ့နေရုံးမှ ပြောရေးဆိုခွင့်ရှိသူအမျိုးသမီး အန်ဒရီလိုင်ဆန်ကိုက ပြောခဲ့သည်။ ဒါ့အပြင် လွှတ်တော်အမတ်များ သည် စွဲဆိုချက်မှကင်းလွတ်နိုင်ခွင့်ရှိသည့် ရှက်ဗ်ချန်ကို၏ အခွင့်အရေးအား ရုတ်သိမ်းရန်အတွက် မဲခွဲဆုံးဖြတ်ခဲ့ ကြကြောင်းလည်း သိရသည်။

ရုရှ၏ ကြားခံညှိနှိုင်းမှုဖြင့် ဆီးရီးယားသူပုန်များ ဂူတာအရပ်မှ ဆုတ်ခွာ

ဂူတာ၊ မတ် ၂၃

ရုရှ၏ ကြားခံဆောင်ရွက်ပေးသော ရွှေ့ပြောင်းရေးသဘောတူညီမှုအရ ဆီးရီးယားအရှေ့ပိုင်း ဂူတာအရပ်မှ သူပုန်များနှင့် မိသားစုများသည် မတ် ၂၂ ရက်တွင် စတင်ထွက်ခွာကြပြီဖြစ်သည်။

ဒမတ်စကပ်အပြင် အတိုက်အခံတို့၏ နယ်မြေလက်လျော့ရမှုတစ်ရပ်လည်း ဖြစ်သည်။ ၎င်းသူပုန်အုပ်စုနှင့် မိသားစုများအနေဖြင့် အနောက်မြောက်ပိုင်း အက်ဒ်လစ်ဘ်ပြည်နယ်သို့ ဘတ်စ်ကားများဖြင့် ထွက်ခွာကြခြင်း ဖြစ်သည်။

တောင်ကိုးရီးယား သမ္မတဟောင်း နောက်တစ်ဦး အဖမ်းခံရ

တောင်ကိုးရီးယားနိုင်ငံ သမ္မတဟောင်း လီမြွန်ဘတ်ကို အဂတိလိုက်စားမှုနဲ့ မနေ့က ဆိုးလ်မြို့မှာ ရဲက ဖမ်းဆီးလိုက်ပါတယ်။

သူဟာ ၂၀၀၈ ကနေ ၂၀၁၃ ခုနှစ်အထိ တောင်ကိုးရီးယား သမ္မတအဖြစ် တာဝန်ထမ်းခဲ့သူဖြစ်ပြီး အခုအခါ အဂတိလိုက်စားမှုနဲ့ စွပ်စွဲခံရ၊ အဖမ်းခံရ ဒါမှမဟုတ် အပြစ်ဒဏ်ပေးခံရသူ သက်ရှိထင်ရှားရှိနေတဲ့ သမ္မတဟောင်း တွေထဲက လေးဦးမြောက်ဖြစ်ပါတယ်။

တရုတ်တို့အပေါ် သွင်းကုန်အခွန် ဒေါ်လာဘီလျံ ၆၀အထိ ကောက်ခံမည့်မူကြမ်း၌ ထရမ့်လက်မှတ်ထိုး

ဝါရှင်တန်၊ အမေရိကန်၊ မတ် ၂၃

အမေရိကန် သမ္မတဒေါ်နယ်ထရမ့်သည် တရုတ်တို့၏သွင်းကုန်အပေါ် ဒေါ်လာ ၆၀ ဘီလျံအထိ ကောက်ခံနိုင်မည့် သွင်းကုန်အခွန်ဥပဒေ၌ ကြာသာပတေးနေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး တရုတ်တို့အပေါ် ကုန်သွယ်ရေး အရ ထိုးနှက်လိုက်သော်လည်း ၄င်းတို့နှစ်နိုင်ငံသည် မိတ်ဆွေများဖြစ်နေဆဲဟု အခိုင်အမာပြောဆိုခဲ့သည်။

ဖေ့ဘွတ်ခ်ဖျက်သိမ်းရေး တွစ်တာအသုံးပြုသူများနှင့် ထင်ရှားကျော်ကြားသူများ လှုံ့ဆော်

အင်တာနက်လူမှုကွန်ရက် တွစ်တာကို အသုံးပြုသူတွေနဲ့ ထင်ရှားကျော်ကြားသူတွေဟာ ဖေ့စ်ဘွတ်ခ် ဖျက်သိမ်းရေးအတွက် ရေးသားလှုံ့ဆော်နေပါတယ်။

ဖေ့စ်ဘွတ်ခ်ဖျက်သိမ်းရေး တွစ်တာမှာ ရေးသားဖော်ပြသူတွေထဲ နည်းပညာ စွန့်ဦးတီထွင်သူ ဘရိုင်ယန်အက်တန်၊ Yahoo ဝန်ထမ်းဟောင်းနဲ့ WhatsApp တည်ထောင်သူ ဂျန်ခွန်းတို့လည်း ပါဝင်ပါတယ်။

ခြစားမှု စွဲချက်နှင့် ရင်ဆိုင်နေရသည့် ပီရူးသမ္မတ ရာထူးကနေ နှုတ်ထွက်

ပီရူးသမ္မတ ပက်ဒရို ပက်ဘလို ကူခ်ျဇင်စကီးက ၎င်း ရာထူးကနေ နှုတ်ထွက်ပြီဖြစ်ကြောင်း မတ်လ ၂၁ ရက် နိုင်ငံတော်မိန့်ခွန်းပြောကြားစဉ် ကြေညာသွားခဲ့သည်။

ပီရူးသမ္မတ ကူခ်ျဇင်စကီးအနေဖြင့် ၎င်းအား လာဘ်ပေးလာဘ်ယူမှုဖြင့် စွပ်စွဲပြစ်တင်ရေး လွှတ်တော်တွင် မဲခွဲဆုံးဖြတ်မှုမတိုင်ခင် တစ်ရက်အလိုမှာပင် ယခုကဲ့သို့ ၎င်း၏ နှုတ်ထွက်စာကို တင်သွားခဲ့ခြင်း ဖြစ်သည်။

အခက်အခဲများကို ရင်ဆိုင်ကျော်ဖြတ်ရမည်ဟု ရုရှားသမ္မတ ပူတင်ပြော

ရွေးကောက်ပွဲမှာ ထပ်မံအနိုင်ရခဲ့တဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ရုရှားနိုင်ငံအနေနဲ့ ကြိုလင့်နေတဲ့ အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ရ လိမ့်မယ်လို့ ပြောကြားလိုက်ပါတယ်။

ရုရှားသမ္မတ ပူတင်ဟာ မတ်လ ၁၈ ရက်နေ့က ရွေးကောက်ပွဲရလဒ် ထွက်ပေါ်လာခဲ့ပြီး  မီဒီယာတွေနဲ့ မတွေ့ဆုံခင် မော်စကိုက သူရဲ့ မဲဆွယ်စည်းရုံးရေးဌာနတခုမှာ အဲဒီလို ပြောကြားခဲ့တာပါ။

အမှုဆောင်အရာရှိချုပ် ဇူကာဘတ်က အချက်အလက်ပေါက်ကြားမှုဖြစ်စဉ်တွင် အမှားအယွင်းရှိခဲ့ကြောင်း ဝန်ခံ

ဆန်ဖရန်စစ္စကို ၊ မတ် ၂၂ ရက်(ဆင်ဟွာ)

ဖေ့ဘွတ်ခ်(Facebook) လူမှုကွန်ရက်၏ အမှုဆောင်အရာရှိချုပ် မက်ခ်ဇူကာဘတ်က နိုင်ငံရေး ရည်မှန်ချက်များ အတွက် Facebook အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက် အလွဲသုံးစားပြုမှုများ ရှိခဲ့သည်ဆိုသည့် သတင်းပေါက်ကြားမှုတွင် ကုမ္ပဏီအနေဖြင့် အမှားအယွင်းပြုလုပ်ခဲ့မှုများ ရှိကြောင်း မတ်လ ၂၁ ရက်တွင် ဝန်ခံပြောကြားလိုက်သည်။