ဒေါ်လာ ဘီလီယံပေါင်းများစွာတန် အပန်းဖြေစခန်းကို ဆော်ဒီအာရေဗီးယားမှာ ဖွင့်လှစ်

ဆော်ဒီအာရေဗီယားဘုရင်ဆယ်လ်မန် နဲ့ အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန် တို့ဟာ ကြီးမားကျယ်ပြန့်တဲ့ အပန်းဖြေစခန်း Qiddiya ဖွင့်ပွဲကို ဧပြီ ၂၈ ရက်နေ့က တက်ရောက်ခဲ့ကြပါတယ်။

ထိုပန်းဖြေစခန်းကို စီးပွားရေးအခွင့်အလမ်းတွေ တိုးမြှင့်ဖို့ ရည်ရွယ်ချက်နဲ့ တည်ဆောက်ဖွင့်လှစ်တာဖြစ်ပါတယ်။
မြို့တော် Riyadh ကနေတစ်နာရီခန့်သွားရင် ရောက်ပြီဖြစ်တဲ့ Qiddiya ကို ၃၃၄ စတုရန်းကီလိုမီတာ (ဧက-၈၄၀၀) ရှိတဲ့ မြေနေရာမှာ ဆောက်လုပ်ထားတာဖြစ်ပြီး Disney world အရွယ်အစားထက် နှစ်ဆကျော်ခန့် ကျယ်တယ်လို့သိရပါတယ်။

နျူကလီးယားစမ်းသပ်စခန်းများ ပိတ်သိမ်းမှုကို အမေရိကန်ပညာရှင်များအား ဖိတ်ခေါ်ပြသရန် ပြုံယမ်းစီစဉ်

ဆိုးလ်၊ တောင်ကိုရီးယား၊ ဧပြီ ၃၀

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအမ်းသည် လာမည့်လတွင် ၄င်းတို့၏ နျူကလီးယားစမ်းသပ်သည့် စခန်းများ ပိတ်သိမ်းမှုကို လေ့လာကြည့်ရှုရန်အတွက် အမေရိကန်ကျွမ်းကျင် ပညာရှင်များနှင့် သတင်းထောက် များကို ဖိတ်ခေါ်သွားမည်ဟု ကတိပေးခဲ့ကြောင်း တောင်ကိုရီးယားသမ္မတရုံးက တနင်္ဂနွေနေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။

ကူဝိတ်သို့ ဖိလစ်ပိုင်အလုပ်သမားစေလွှတ်မှုအား အပြီးတိုင်ပိတ်ပင်လိုက်ပြီဟု ဒူတာတေးကြေညာ

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးက ကူဝိတ်နိုင်ငံသို့ ဖိလစ်ပိုင်အလုပ်သမားများစေလွှတ်မှုအား အပြီးတိုင် ပိတ်ပင်လိုက်ပြီဟု ကြေညာခဲ့ပြီး ယင်းနိုင်ငံအတွင်း၌ အလုပ်လုပ်နေကြသူများကို မိခင်နိုင်ငံသို့ပြန်လာဖို့ တိုက်တွန်းခဲ့ကြောင်း နိုင်ငံတော်သတင်းမီဒီယာက တနင်္ဂနွေနေ့တွင် တင်ပြခဲ့သည်။

ဒူတာတေးသည် ယင်းကြေညာချက်ကို ၃၂ကြိမ်မြောက် အာဆီယံထိပ်သီးစည်းဝေးပွဲကို တက်ရောက်ရန်အတွက် စင်္ကာပူသို့ရောက်ရှိနေချိန် စင်္ကာပူနိုင်ငံ၌နေထိုင်ကြသော ဖိလစ်ပိုင်လူမျိုးများနှင့် တွေ့ဆုံခဲ့ပြီး မိန့်ခွန်းပြောကြား စဉ်တွင် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ဗြိတိန် ပြည်ထဲရေးဝန်ကြီး ရာထူးကနေ နှုတ်ထွက်

ဧပြီ ၃၀

တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူများအရေး အရှုပ်တော်ပုံကိစ္စတစ်ခုနှင့်ပတ်သက်၍ ဝေဖန်ပြစ်တင်ခံခဲ့ရပြီးနောက် ယခုအခါ ဗြိတိန် ပြည်ထဲရေးဝန်ကြီး အမ်ဘာ ရုဒ် ဧပြီ ၂၉ ရက်က ရာထူးကနေ နှုတ်ထွက်သွားပြီ ဖြစ်သည်။

ဗြိတိန်နိုင်ငံတွင်းကနေ တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူများကို နေရပ်ပြန်ပို့ရေး ပြည်ထဲရေးဝန်ကြီးဌာန၏ သတ်မှတ်ချက်များနှင့်ပတ်သက်၍ လွှတ်တော်တွင် လွဲမှားစွာ ထွက်ဆိုခဲ့သည်ဟု စွပ်စွဲမှုများ ထွက်ပေါ်ခဲ့ပြီးနောက် ယခုကဲ့သို့ အမ်ဘာ ရုဒ် ၀န်ကြီးအဖြစ်မှ နှုတ်ထွက်သွားခဲ့ခြင်း ဖြစ်သည်။

မြောက်နှင့် တောင် ကိုရီးယားနှစ်နိုင်ငံ သမိုင်းတင် ထိပ်သီးအစည်းအဝေး စတင်

ပြုံယမ်း၊ ဧပြီ ၂၇

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်နှင့် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းတို့သည် ဧပြီ ၂၇ ရက်တွင် သမိုင်းတင် ထိပ်သီးဆွေးနွေးမှုကို စတင်သည်။

နှစ်နိုင်ငံကြား ခွဲခြားထားသော စစ်မဲ့ဇုန်တွင် နှစ်ဦးအတူ လက်ဆွဲနှုတ်ဆက်ကြပြီးနောက် သမိုင်းတွင်မည့် ထိပ်သီးအစည်းအဝေးကို စတင်ခြင်းဖြစ်သည်။

အိန္ဒိယရှိ ပြည်နယ်တစ်ခုတွင် ၁၃ နာရီအတွင်း ၃၆၇၄၉ ကြိမ် မိုးကြိုးပစ်

အိန္ဒိယနိုင်ငံမှ ပြည်နယ်တစ်ခုတွင် စံချိန်တင် အရေအတွက်အဖြစ် ၁၃ နာရီအတွင်း မိုးကြိုး အကြိမ်သုံးသောင်းခွဲ ကျော် ပစ်ချခဲ့ကြောင်း သိရသည်။

ဧပြီ ၂၄ ရက်က ၁၃ နာရီကြာ ကာလအပိုင်းအခြားအတွင်း ရာသီဥတု ဆိုးရွားမှုနှင့်အတူ မိုးကြိုးများ အကြိမ်ကြိမ် ပစ်ခဲ့ကြောင်း အန်ဒရာ ပရာဒက်ရှ်ပြည်နယ်မှ မိုးလေဝသ ပညာရှင်များက ဆိုသည်။ ထိုအချိန်ပိုင်းအတွင်း အိန္ဒိယတောင်ပိုင်း ပြည်နယ်၌ စုစုပေါင်း ၃၆၇၄၉ ကြိမ်ထိ မိုးကြိုးပစ်ချခဲ့သည်။

ဂရိ၌ ထောက်ပံ့ကြေးငွေ လျှော့ချမှုအစီအစဉ်အသစ်ကို ပင်စင်စားများ ဆန္ဒပြ

အေသင် ဧပြီ ၂၆

ဂရိနိုင်ငံ၌ ပင်စင်စား ထောင်ပေါင်း များစွာတို့သည် ဗုဒ္ဓဟူးနေ့က အေသင် မြို့တော်ရှိ လမ်းများပေါ် ချီတက်စုဝေး ကာ ဂရိနိုင်ငံ၏ နိုင်ငံတကာငွေချေးသူ များထံမှ ငွေကြေးအထောက်အကူပေးမည့် သဘောတူညီချက်များအရ ၂ဝ၁၉ ခုနှစ်အတွက် လျာထားသည့် လုပ်ခလစာ လျှော့ချသွားမည့် အစီအစဉ်သစ်ကို ဆန္ဒပြဆန့်ကျင်ခဲ့ကြ ကြောင်း သိရသည်။

F-35 တိုက်လေယာဉ်များ တူရကီထံ မရောင်းချတော့ရန် အမေရိကန် လွှတ်တော် ဆုံးဖြတ်

တူရကီသို့ F-35 အဆင့်မြင့် ကိုယ်ပျောက် တိုက်လေယာဉ်များ မရောင်းချစေရန် တားမြစ်လိုသော အဆိုကို အမေရိကန် လွှတ်တော်က အတည်ပြုခဲ့ကြောင်း သိရသည်။

အစောပိုင်းက ပဉ္စမမျိုးဆက် အဆင့်မြင့် ဂျက်တိုက်လေယာဉ်များကို အမေရိကန်နှင့် မဟာမိတ် နိုင်ငံများ၏ ပူးပေါင်း ရန်ပုံငွေဖြင့် တည်ဆောက် ထုတ်လုပ်ခဲ့ရာ၌ တူရကီလည်း အပါအဝင် ဖြစ်ခဲ့သည်။ သို့သော် NATO မဟာမိတ် အုပ်စုဝင် နိုင်ငံတစ်ခုဖြစ်သည့်တိုင် တူရကီသည် ရုရှားနှင့် ဆက်ဆံရေး အလွန်ကောင်းမွန်လာခြင်း ကြောင့် အမေရိကန် နိုင်ငံရေးသမားများက F-35များ တူရကီထံ ရောင်းချမပေးတော့ရန် အဆိုတင်ခဲ့ခြင်း ဖြစ်သည်။

ရှားပါး ဒိုင်နိုဆော အရိုးစုနှစ်ခု ပြင်သစ်မှာ လေလံတင်ရောင်းချ

ဧပြီ ၁၂

ရှားပါးပစ္စည်းတွေထဲမှာ ပါဝင်တဲ့ ဒိုင်နိုဆော အရိုးစု နှစ်ခုကို ပြင်သစ်နိုင်ငံ ပါရီမြို့က လေလံပွဲတစ်ခုမှာ တစ်ခုကို ယူရို ၁ ဒသမ ၄ သန်းကျော်စီနဲ့ လေလံတင်   ရောင်းချလိုက်နိုင်တယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

အဆိုပါလေလံပွဲကိုတော့ ယမန်နေ့ ဧပြီ ၁၁ ရက်နေ့လည်က ပါရီမြို့ လေလံကုမ္ပဏီ Druout မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဘရာဇီးနိုင်ငံမြောက်ပိုင်းရှိ အကျဉ်းထောင်၌ ထောင်ဖောက်ထွက်ပြေးရန် ကြိုးပမ်း၊ ၂၁ ဦးသေဆုံး

ဘရာဇီးနိုင်ငံမြောက်ပိုင်း ဘီလမ်မြို့ရှိ အကျဉ်းထောင်တစ်ခုတွင် အကျဉ်းသားအများအပြားက အစုလိုက် အပြုံလိုက် ထောင်ဖောက် ထွက်ပြေးနိုင်ရန် ကြိုးပမ်းကြရာမှ လူပေါင်း ၂၁ ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း၊ ဒေသဆိုင်ရာ သတင်းဌာနများက ဧပြီ ၁၁ ရက်တွင် သတင်းထုတ်ပြန် သည်။

အကျဉ်းသားများသည် အကျဉ်းထောင်အပြင်ဘက်ရှိ လက်နက်ကိုင်အုပ်စုတစ်ခု၏အကူအညီဖြင့် ထောင်ဖောက် ထွက်ပြေးနိုင်ရန် ကြိုးပမ်းခဲ့ကြသည်။ အကျဉ်းထောင်၏နံရံကို အပြင်ဘက်မှ ဖောက်ခွဲဖျက်ဆီးကာ အကျဉ်းသမား များ ထွက်ပြေးလွတ်မြောက်နိုင်စေရေးအတွက် လက်နက် ကိုင်အုပ်စုတစ်စုက အားပေးကူညီခဲ့သည်။