ဂရိ၌ ထောက်ပံ့ကြေးငွေ လျှော့ချမှုအစီအစဉ်အသစ်ကို ပင်စင်စားများ ဆန္ဒပြ

အေသင် ဧပြီ ၂၆

ဂရိနိုင်ငံ၌ ပင်စင်စား ထောင်ပေါင်း များစွာတို့သည် ဗုဒ္ဓဟူးနေ့က အေသင် မြို့တော်ရှိ လမ်းများပေါ် ချီတက်စုဝေး ကာ ဂရိနိုင်ငံ၏ နိုင်ငံတကာငွေချေးသူ များထံမှ ငွေကြေးအထောက်အကူပေးမည့် သဘောတူညီချက်များအရ ၂ဝ၁၉ ခုနှစ်အတွက် လျာထားသည့် လုပ်ခလစာ လျှော့ချသွားမည့် အစီအစဉ်သစ်ကို ဆန္ဒပြဆန့်ကျင်ခဲ့ကြ ကြောင်း သိရသည်။

ဂရိသည် ယခုနှစ်နွေရာသီတွင် ၂ဝ၁ဝ ပြည့်နှစ်ကတည်းက ဆောင်ရွက်ခဲ့သည့် တတိယမြောက် ငွေကြေး အထောက်အကူပြုအစီအစဉ်မှ နုတ်ထွက်တော့မည်ဖြစ်သော်လည်း ပြင်းထန်သည့် ခြိုးခြံချွေတာရေး မူဝါဒများနှင့် ရဲရင့်သည့် ပြုပြင်ပြောင်းလဲမှုများကို သဘောတူညီချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်။

ယင်းဆောင်ရွက်မှုအရ ပြီးခဲ့သည့် ရှစ်နှစ်အကြာက ပင်စင်လစာများအား ထက်ဝက်ခန့် လျော့နည်းသွားစေခဲ့သည် ကို မြင်တွေ့ခဲ့ရသည့် ပင်စင်စားများကိုမကျေမနပ်ဖြစ်စေသည့် အလားအလာ တစ်ခုရှိလာခဲ့သည်။

လွန်ခဲ့သော သုံးနှစ်အကြာက ပါလီ မန်လွှတ်တော်က မဲပေးခဲ့သည့် ဥပဒေ များကို အခြေခံကာ ပင်စင်စားများသည် လာမည့်နှစ်သစ်မှစတင်ကာ ပင်စင်လစာကို နောက်ထပ် ၁၈ ရာခိုင်နှုန်း ဖြတ်တောက်လျှော့ချခြင်း ခံရမည် ဖြစ်ကြောင်း သိရသည်။

ဆန္ဒပြရာတွင်ပါဝင်ခဲ့သည့် ပင်စင် စားတစ်ဦးက ၂ဝ၁ဝ ပြည့်နှစ်တွင် ၄င်း ပင်စင်စတင်ခံစားခဲ့စဉ်ကတည်းက ၄င်း ၏ ဝင်ငွေမှ သုံးပုံတစ်ပုံလောက်ကို လက်လွှတ်ဆုံးရှုံးခဲ့ရကြောင်း၊ ၄င်းတို့အနေဖြင့် ကြိုးစားပမ်းစား အလုပ်လုပ်ခဲ့ရ သော်လည်း ဝင်ငွေများကို ယူဆောင်သွားခြင်း ခံလိုက်ရကြောင်း၊ လစာလျှော့ချမှုများသည် အဆုံးသတ်ဖွယ်ရာ မမြင်တော့ကြောင်း ၄င်းက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

 

ဆင်ဟွာ