သတင်းတုဥပဒေကို ပြန်စိစစ်မယ်လို့ မလေးရှားဝန်ကြီးချုပ်သစ်ပြောကြား

မလေးရှားဝန်ကြီးချုပ်အသစ်ဖြစ်လာတဲ့ မဟာသီဟာမိုဟာမက်က အရင်အစိုးရဟောင်းလက်ထက်က အမြန်ရေးသားပြဋ္ဌာန်းခဲ့တဲ့ သတင်းအတုဆိုင်ရာဥပဒေကို ပြန်လည်သုံးသပ်သွားမယ်လို့ မနေ့က ပြောကြား လိုက်ပါတယ်။ ဒီဥပဒေဟာ သတင်းအတုရေးသားထုတ်ပြန်တဲ့သူတွေကို ထောင်ဒဏ် ၆ နှစ်အထိ ချမှတ်နိုင်တဲ့ ဥပဒေဖြစ်ပြီး အဂတိလိုက်စားမှုနဲ့ နာမည်ကြီးနေတဲ့ ဝန်ကြီးချုပ်ဟောင်း နာဂျစ်ကို ဝေဖန်ရေးသားတဲ့ သူတွေကို ဖိနှိပ်ဖို့ရေးဆွဲခဲ့တဲ့ ဥပဒေလို့ ဝေဖန်ခံနေရတဲ့ ဥပဒေဖြစ်ပါတယ်။

မြောက်ကိုရီးယား လက်နက်ဖျက်သိမ်းရင် လုံခြုံရေး ကန်အာမခံမည်

မြောက်ကိုရီးယားနိုင်ငံက Nuclear လက်နက်ဖျက်သိမ်းရေးကို အပြည့်အဝသဘောတူမယ်ဆိုရင် အမေရိကန် ပြည်ထောင်စုက မြောက်ကိုရီးယား အစိုးရအတွက် လုံခြုံရေး အာမခံချက်ပေးဖို့ပြင်ဆင်ထားသလို အမေရိကန် ပုဂ္ဂလိကကုမ္ပဏီကို မဟာဓါတ်အားပေးလိုင်းဆောက်ဖို့ ခွင့်ပြုမယ်လို့ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ပြောကြားခဲ့ပါတယ်။

သမ္မတ Donald Trump တက်မလာခင်က အမေရိကန်ဖက်က ဒီလိုလက်တွေ့ဖြစ်အောင် လုပ်လိမ့်မယ်လို့ မြောက်ကိုရီးယားခေါင်းဆောင်တွေဖက်က ထင်မထားခဲ့ဘူးလို့ Fox သတင်းဌာနနဲ့ မေးမြန်းခန်းမှာ နိုင်ငံခြားရေး ဝန်ကြီး Pompeo က ပြောကြားခဲ့ပါတယ်။

အင်ဒိုနီးရှားတွင် ခရစ်ယာန်ဘုရားကျောင်းသုံးခု၌ အသေခံဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်ပွားပြီး လူကိုးဦးသေဆုံး

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ် ဆူရာဘာယာဒေသရှိ ခရစ်ယာန်ဘုရားကျောင်း ပေါက်ကွဲမှုအတွင်း မီးလောင်သွားသော ဆိုင်ကယ်များကို တွေ့ရစဉ် (reuters)

 

အင်ဒိုနီးရှားနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ ဆူရာဘာယာ၌ တနင်္ဂနွေနေ့တွင် အသေခံ ဗုံးခွဲသမားများက ခရစ်ယာန် ဘုရားရှိခိုးကျောင်းသုံးခုကို တိုက်ခိုက်ရာ လူကိုးဦးထက်မနည်းသေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရရှိကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ကင်ညာတွင် မိုးသည်းထန်စွာရွာပြီး ဆည်ကျိုးကျ၊ အနည်းဆုံး ၄၇ ဦးသေဆုံး

ကင်ညာနိုင်ငံမှာ မေ ၁၀ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းပြီး ဆည်တခု ရုတ်တရက်  ကျိုးကျသွားတဲ့အတွက် အနည်းဆုံး ၄၇ ဦး သေဆုံးခဲ့ပါတယ်။

သီတင်းပတ်အတော်ကြာ မိုးသည်းသည်းထန်ထန် ရွာသွန်းခဲ့တာကြောင့် မြို့တော်နိုင်ရိုဘီရဲ့ အနောက် မြောက်ဘက် မိုင် ၁၂၀ အကွာမှ ရစ်ဖ်ထ်တောင်ကြားမှာရှိတဲ့ ဆည်တခု ကျိုးပေါက်ခဲ့ရကာ တောင်စောင်းက ကျေးရွာ ၂ ရွာ ပျက်စီးခဲ့တာ ဖြစ်ပါတယ်။

ပါကစ္စတန်သံတွေကို အမေရိကန်ပြည်ထောင်စုတွင်း ခရီးသွားခွင့် ကန့်သတ်

ဝါရှင်တန်က ပါကစ္စတန်သံရုံး။

ပါကစ္စတန်သံအမှုထမ်းတွေအပေါ် အမေရိကန်ပြည်ထောင်စုက ခရီးသွားကန့်သတ်မှုတွေ သောကြာနေ့မှာ စတင် လုပ်ဆောင်ခဲ့တယ်လို့ ပါကစ္စတန်သံအမတ်ကြီး Aizaz Chaudhry က VOA ကိုပြောပါတယ်။ ဒါ့အပြင် အခုလို လုပ်ဆောင်မှုဟာ မှန်ကန်တဲ့ လုပ်ရပ် မဟုတ်ကြောင်းနဲ့ ၂ နိုင်ငံ ဆက်ဆံရေး ပိုမိုရင်းနှီးလာချိန်မှာ ခုလိုမလုပ်သင့်ကြောင်းလည်း ပြောပါတယ်။

ထရမ့်နှင့် ကင်မ်ဂျုံအမ်းတို့၏ သမိုင်းဝင်တွေ့ဆုံပွဲကို စင်္ကာပူ၌ ဇွန်လ ၁၂ရက်နေ့ ကျင်းပမည်ဟုကြေညာ

ဝါရှင်တန်၊ အမေရိကန်၊ မေ ၁၁

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က မြောက်ကိုရီးခေါင်းဆောင်ကင်မ်ဂျုံအမ်းနှင့် သူ၏ သမိုင်းဝင်တွေ့ဆုံ   ဆွေးနွေးပွဲကို   နှစ်နိုင်ငံစလုံးနှင့်ကောင်းမွန်သော ဆက်ဆံရေးရှိသည့် စင်္ကာပူနိုင်ငံ၌ လာမည့်ဇွန်လ ၁၂ရက်နေ့ တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ကြာသာပတေးနေ့တွင် ကြေညာခဲ့သည်။

ဟာဝိုင်အီမီးတောင် ပေါက်ကွဲမှု ပိုမိုပြင်းထန်လာနိုင်

ဟာဝိုင်အီပြည်နယ်ရှိ Kilauea မီးတောင်ပေါက်ကွဲမှု သည် လာမည့်သီတင်းပတ်များ တွင် ပိုမိုပြင်းထန် လာနိုင်ကြောင်း နှင့် ကျောက်ခဲအရွယ် ချော်တုံး များ မိုင်ပေါင်းများစွာအထိ လွင့် ပျံ့ပြီး အနီးရှိမြို့များသို့ ပြာမှုန်များ ဖုံးလွှမ်းနိုင်ကြောင်း အမေရိကန် ဘူမိဗေဒတိုင်းတာရေးအဖွဲ့ (USGS)က ပြောကြားသည်။

ဘိန်းတိုက်ဖျက်ရေးဂိမ်း ဖန်တီးလိုက်သည့် အာဖဂန်အမျိုးသမီးငယ်များ

အကြမ်းဖက်မှုတွေကြောင့် နေအိမ်ပြင်ပမှာ ပျော်စရာရှာဖို့ ခက်နေတဲ့ အာဖဂန် လူငယ်တွေဟာ ဘိန်း တိုက်ဖျက်ရေးဂိမ်းကို ဖန်တီးလိုက်ပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့မှာ အကြမ်းဖက်မှုတွေ တိုးနေလို့ ဒေသခံတွေအတွက်  အိမ်ပြင်ပထွက်ပြီး ပျော်စရာရှာဖို့ ပိုခက်လာနေတာပါ။

မြို့အနောက်ပိုင်း ဟီရတ်မြို့နယ်မှာတော့ အမျိုးသမီးတအုပ်စုက ကွန်ပျူတာဂိမ်း တည်ဆောက်ရေးအတွက် အလုပ်များနေပါတယ်။

ဖမ်းဆီးထားသော အမေရိကန်သုံးဦးအား မြောက်ကိုရီးယား ပြန်လွှတ်ပေး

ပြုံယမ်း၊ မေ ၁၀

မြောက်ကိုရီးယားနိုင်ငံသည် ဖမ်းဆီးထားသော အမေရိကန်နိုင်ငံသား သုံးဦးအား ပြန်လွှတ်ပေးရာ ၎င်းတို့မှာ နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုနှင့်အတူ   နိုင်ငံရင်းသို့ ပြန်လာပြီဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် က မေ ၉ ရက်တွင် ပြောသည်။

အီဘိုလာရောဂါ ကူးစက်မှုများ ဖြစ်ပွားနေကြောင်း ကွန်ဂို အစိုးရ အတည်ပြု ထုတ်ပြန်

ကွန်ဂိုနိုင်ငံတွင် အီဘိုလာ ကာလဝမ်းရောဂါ ပျံ့နှံ့ ကူးစက်မှုများ ဖြစ်ပွားနေကြောင်း အစိုးရက အတည်ပြု ကြေညာလိုက်သည်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးကလည်း အသက်အန္တရာယ် စိုးရိမ်ရလောက်အောင် ပြင်းထန်သည့် အီဘိုလာ ဗိုင်းရစ်ပ်ပိုးသည် ကွန်ဂိုတွင် ခေါင်းထောင်လာကြောင်း မေလ ၈ ရက်က အတည်ပြု သတင်းထုတ်ပြန်ခဲ့သည်။